၂၀၂၂ ခုနှစ်၊ (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ရှိ သားဖွားမီးယပ်နှင့် မွေးကင်းစကလေး (၃) ထပ် ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ်၊ (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ရှိ သားဖွားမီးယပ်နှင့် မွေးကင်းစကလေး (၃) ထပ် ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊  မတ်လ ၁၂

(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဆေးရုံကြီး၊ မကွေး မြို့ သားဖွားမီးယပ်ဆောင်နှင့် မွေးကင်းစကလေး(၃)ထပ် ကုသဆောင်သစ် ဖွင့်ပွဲကို ယနေ့နံနက်ပိုင်း တွင် ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ မကွေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားပထမပိုင်းအစီအစဉ်အနေဖြင့် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးတို့က သားဖွား မီးယပ်နှင့်မွေးကင်းစကလေး (၃)ထပ်ကုသဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးက “သားဖွားမီးယပ်နှင့် မွေးကင်းစကလေး(၃)ထပ် ကုသ ဆောင်သစ်” ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ “သားဖွားမီးယပ်နှင့် မွေးကင်းစ ကလေး(၃)ထပ်ကုသဆောင်သစ်” ဖွင့်လှစ်ကြောင်း ကမ္ဗည်းမော်ကွန်းကြေးပြားအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များက အမွှေးနံ့သာရည်များ ပက်ဖျန်းကြသည်။ 

ထို့နောက် ဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ် စုပေါင်း ဓာတ်ပုံ ရိုက်ကြပြီး “သားဖွားမီးယပ်နှင့် မွေးကင်းစကလေး(၃)ထပ်ကုသဆောင်သစ်”အတွင်းရှိ အရေးပေါ်လူနာဌာန၊ သားဖွားခန်း၊ ခွဲစိတ်ခန်း၊ ခွဲစိတ်ပြီးလူနာထားရှိနေရာ၊ မွေးကင်းစကလေးအထူးကြပ်မတ်ကုသခန်း၊ အောက်စီဂျင် ထုတ်လုပ်စက် (Oxygen Plant)၊ ရေသန့်စင်စက်တို့ကို လှည့်လည်ကြည့်ရှုကြသည်။ 
    
ယင်းနောက် ဒုတိယပိုင်းအခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး က အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့ဆေးရုံကြီး၊ မကွေး မြို့ရှိ ဆေးရုံ ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေ(၂၅)သိန်းနှင့် လက်ဆောင်သစ်သီးခြင်းများကို ပေးအပ်သည်။ ၎င်းနောက် မကွေးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင် နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနီလာလှတို့မှ “သားဖွားမီးယပ်နှင့်မွေးကင်းစကလေးကုသဆောင်” ဖွင့်ပွဲအထိမ်း အမှတ် လက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ထို့နောက် ပြည်သူ့ဆေးရုံကြီး-မကွေးမြို့ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနီလာလှမှ ကျေးဇူး တင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။