မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာ အဆောက်အဦများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်
နေပြည်တော်၊ မတ် - ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ သီပေါမြို့၊ နောင်ချိုမြို့နှင့် နမ့်လန်မြို့ များရှိ ပြည်သူ့ဆေးရုံများ၊ အခြေခံပညာကျောင်းများ၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ အထွေထွေရောဂါကုဆေးရုံး(ခုတင်-၅၀၀)တို့၌ ယနေ့တွင် နယ်မြေခံတပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်း များက ချုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ခြင်ခိုအောင်းနိုင်သောနေရာများ၌ ခြင်ဆေးဖျန်းခြင်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ ကြကြောင်း သတင်းရရှိသည်။