တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်
နေပြည်တော်၊ မတ် ၁၂
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သား ဆရာဝန် များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ် စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်း ကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော် ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၌ ထားရှိသော အိန္ဒိယနိုင်ငံထုတ် ဆေးတစ်လုံးလျှင် လူ ၁၀ ဦးထိုးနိုင်သည့် Covaxin နှင့် ဆေးတစ်လုံးလျှင် လူ ၁၁ ဦး ထိုးနှံနိုင်သည့် Covishield အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များကို ယနေ့တွင် ပို့ဆောင်ပေးရာ လွိုင်ကော်မြို့သို့ Covishield ၁၈၀၀ လုံး၊ Covaxin ၁၀၀ လုံး၊ ကလေးမြို့သို့ Covishield ၂၂၄၇ လုံး၊ Covaxin ၇၅၈၆ လုံး၊ စစ်တွေမြို့သို့ Covishield ၃၉၅၂ လုံး၊ Covaxin ၂၄၂၁၃ လုံး၊ သံတွဲမြို့သို့ Covishield ၁၈၇၄ လုံး၊ Covaxin ၁၄၄၈၂ လုံး၊ လားရှိုးမြို့သို့ Covishield ၉၀၉၁ လုံးနှင့် မြစ်ကြီးနားမြို့သို့ Covaxin ၂၀၀၀၀ လုံး နှင့် ကာကွယ်ဆေးထိုးရာတွင် အသုံးပြုသည့် ဆေးထိုးအပ်များကို တပ်မတော်မှ လေယာဉ်များဖြင့် ပို့ဆောင် ပေးခဲ့ပြီး တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။