ငွေကျပ် ၂၆ ဒသမ ၉၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ငွေကျပ် ၂၆ ဒသမ ၉၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  မတ်  ၁၃

အမရပူရမြို့နယ်တွင် ငွေကျပ် ၂၆ ဒသမ ၉၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၁ ရက် နံနက် ၅ နာရီခွဲတွင်   မန္တလေးတိုင်း ဒေသကြီး  အမရပူရမြို့နယ် စွယ်တော်ကားဝင်း၌ သန်းထိုက်(ခ)သံနိုင်(၂၆)နှစ် မောင်းနှင်သည့်   ၂၂  ဘီးတွဲကားကို သတင်းအရရှာဖွေရာ   ယာဉ်ပေါ်တွင် ပြောင်းဖူးအိတ်များဖြင့်  ဖုံးအုပ်ထားသည့် ဒေသကာလ တန်ဖိုးငွေကျပ် ၂၆ ဒသမ ၉၃ ဘီလီယံ တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများဖြစ်ကြသည့် အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၁၈ တန်နှင့် ကက်တမင်း ၁၁၁ ကီလိုတို့ သိမ်းဆည်း ရမိခဲ့သဖြင့်  ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို  ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။