စားအုန်းဆီလက်ကား ရည်ညွှန်းဈေးနှုန်း ထုတ်ပြန်ကြေညာ
နေပြည်တော် မတ် ၁၃
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့် အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိသည်။
နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် လက်ရှိအခြေအနေများအရ ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် စားအုန်းဆီဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် FOB ဈေးနှုန်းများအပေါ်အခြေခံ၍ တွက်ချက်မှုအရ မတ် ၁၄ ရက်မှ ၂ဝ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် (အနိမ့်ဆုံး ငွေကျပ် ၅၉၄ဝ မှ အမြင့်ဆုံး ငွေကျပ် ၆၅၇၆ ကျပ်) ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
အဆိုပါ အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းများကို စားသုံးသူရေးရာ ဦးစီးဌာန၏Website: www.doca.gov.mmနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ Facebook Page wGif တွင် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း သိရသည်။