(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း စခန်းသွင်း လေ့ကျင့်နေ

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း စခန်းသွင်း လေ့ကျင့်နေ

ဗီယက်နမ်နိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)  ကြိမ်မြောက် အရှေ့တောင်အာရှ   အားကစားပြိုင်ပွဲ (ဆီးဂိမ်း)  အတွက်  မြန်မာ့လက်ရွေးစင် ယူ-၂၂  အသင်းအနေဖြင့်  စခန်းသွင်း လေ့ကျင့်မှုများကို ရန်ကုန်မြို့၌  ပြုလုပ်လျက်ရှိကြောင်း  သိရသည်။

ဆီးဂိမ်းဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင်  ယူ-၂၂ အသင်းကို နည်းပြ ပိုပေါ့က  ဆက်လက်တာဝန်ယူ ကိုင်တွယ်မည်ဖြစ်ပြီး  လက်ရှိတွင်   ပဏာမကစား သမား  ၂၆   ဦးဖြင့် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ဘောလုံးပြိုင် ပွဲသည် ကာလရှည်ပြိုင်ပွဲ ဖြစ်သည့်အတွက် ဖွင့်ပွဲမတိုင်မီကတည်းက ကျင်းပမည်ဖြစ် ပြီး အမျိုးသား ဘောလုံးပြိုင်ပွဲကို မေ ၆ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ကာ ပြိုင်ပွဲတွင်   သက်ကျော် ကစားသမားသုံးဦး အထိ ရွေးချယ်နိုင်ရန် ဆီးဂိမ်းကျင်းပရေး ကော်မတီက ခွင့်ပြုပေးထားသည်။

မြန်မာ့လက်ရွေးစင်  ယူ-၂၂  အသင်း နည်းပြပိုပေါ့က သက်ကျော် ကစားသမား သုံးဦးကို ၂ဝ၂ဝ ဆူဇူကီးဖလားပြိုင်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေး စင်အသင်း ကစားသမားများထဲမှ ရွေးချယ်ဖွယ်ရှိသည်။  မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းသည်  ဖေဖော်ဝါရီလအတွင်းကလည်း  အာဆီယံ  ယူ-၂၂  ချန်ပီယံရှစ် ပြိုင်ပွဲကို   ဝင်ရောက်ယှဉ်ပြိုင်ရန်  သွားရောက်ခဲ့သော်လည်း   ကိုဗစ်-၁၉  ရောဂါ ကူးစက်မှုများကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရခြင်း ဖြစ်သည်။

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ  (ဆီးဂိမ်း)  အမျိုးသား ဘောလုံးပြိုင်ပွဲတွင် အာဆီယံဒေသတွင်း အသင်းများဖြစ်သည့် အိမ်ရှင်ဗီယက်နမ် အသင်းနှင့် အတူ  ထိုင်းအသင်း၊  တီမော အသင်း၊   စင်ကာပူအသင်း၊   ဖိလစ်ပိုင် အသင်း၊ မြန်မာအသင်း၊ မလေးရှားအသင်း၊ လာအိုအသင်း၊ အင်ဒိုနီးရှား အသင်းနှင့် ကမ္ဘောဒီးယား အသင်းတို့  ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။