မန်စီးတီးအသင်း ၁၇ နှစ်အတွင်း အိမ်ကွင်းပွဲ၌ ပထမအကြိမ် ငါးဂိုးထိပေးရပြီး လက်စတာကိုရှုံးနိမ့်

မန်ချက်စတာ၊ ဘောလုံး

မန်စီးတီးအသင်းသည် စက်တင်ဘာ ၂၇ ရက်ညက ယှဉ်ပြိုင်ကစားသော ပရီးမီးယားလိဂ်ပွဲစဉ်တွင် လက်စတာကို အိမ်ကွင်း၌ ၅ ဂိုး-၂ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရာ ၁၇ နှစ်အတွင်း အိမ်ကွင်း၌ ပထမအကြိမ် ငါးဂိုးသွင်းခံရသောပွဲအဖြစ် စံချိန်ဆိုးရရှိခဲ့သည်။ ထိုပွဲတွင်မန်စီးတီးအသင်းသည် မာရက်ဇ်၏ သွင်းဂိုး ဖြင့်ဦးဆောင်နိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဆက်လက်ကစားနိုင်သောကြောင့် ဒုတိယဂိုး ထပ်မံသွင်းယူနိုင်ရန် အလောတကြီးကစားရာမှ ယုံကြည်မှုပျောက်ဆုံးပြီး  ဂိုးများစွာပြန်ပေးလိုက်ရ ခြင်းဖြစ်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောသည်။

ဂွါဒီယိုလာက “ကျွန်တော်တို့ ဖန်တီးမှုတွေ လုံလောက်အောင်မလုပ်နိုင်တာကြောင့်  ဒီနေ့ကစားပုံမ ကောင်းဘူးဆိုတဲ့စိတ် ကစားသမားတွေဆီ ဝင်သွားခဲ့တယ်။ ဒုတိယဂိုးထပ်ရဖို့ ကိုယ့်ကိုယ်ကိုယ်ဖိ အားတွေပြန်ပေးခဲ့တယ်။ ဒီထက်ပိုပြီး စိတ်အေးလက်အေး ကစားသင့်တယ်။ ပထမပိုင်းကတည်းက ကျွန်တော်ပြောခဲ့တယ်။ လက်စတာ ကစားတာကောင်းတယ်။ မင်းတို့အားလုံး စိတ်ရှည်ရှည်နဲ့ ကစားရင်တော့နိုင်ပွဲက ကိုယ့်ဆီရောက်လာမယ်လို့ ပြောခဲ့တယ်။ သူတို့ခံစစ်က သိပ်သည်းလွန်းချိန်   ကိုယ့်ဘက်က ဂိုးရယူချင် စိတ်သာရှိပြီး ပြေးလွှားမှုတွေနည်းတဲ့အတွက် ပေးဆပ်လိုက်ရတာပါ။ ဒုတိယဂိုး၊ တတိယဂိုးတွေပေးလိုက်ရချိန်မှာတော့ အရမ်းကိုခက်ခဲသွားတယ်။ လက်ခံနိုင်ဖို့ မလွယ် ကူပေမယ့် လက်ခံရမှာပါပဲ”ဟု သုံးသပ်ပြောသည်။

Ref:Dailymail