ကယားပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ
နေပြည်တော်၊ မတ် - ၁၅
ကယားပြည်နယ်အတွင်းရှိ မော်ချီးပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ KNG အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ KNPDP အသွင်းပြောင်း ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ၊ လွိုင်လင်လေးပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေး အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ကယန်းပြည်သစ်ပါတီအသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့ နေ့လယ်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။