တပ်မတော်မှ ဆောင်ရွက်နေသည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက် ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရောင်နီဦးနှင့်မိတ်ဆွေများပရဟိတအဖွဲ့က အလှူငွေများလှူဒါန်း

တပ်မတော်မှ ဆောင်ရွက်နေသည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက် ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရောင်နီဦးနှင့်မိတ်ဆွေများပရဟိတအဖွဲ့က အလှူငွေများလှူဒါန်း

နေပြည်တော်၊ မတ် - ၁၅

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တပ်မတော်မှ ဆောင်ရွက်လျက်ရှိသည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရောင်နီဦးနှင့်မိတ်ဆွေများပရဟိတအဖွဲ့က အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ် ဧည့်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရောင်နီဦးနှင့်မိတ်ဆွေများပရဟိတအဖွဲ့မှ တာဝန်ရှိသူ ၁ ဦးက အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။ ထို့နောက် တိုင်းမှူးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။