ပြင်ဦးလွင်မြို့ပေါ်ရပ်ကွက်များရှိ ရေမြောင်းများနှင့် ဂဲလောင်ချောင်းတို့၌  စုပေါင်း သန့်ရှင်းရေးပြုလုပ်

ပြင်ဦးလွင်မြို့ပေါ်ရပ်ကွက်များရှိ ရေမြောင်းများနှင့် ဂဲလောင်ချောင်းတို့၌  စုပေါင်း သန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ မတ် - ၁၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ပေါ်ရပ်ကွက်များရှိ ရေမြောင်းများနှင့် ဂဲလောင်ချောင်းတို့၌ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်သားများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက အမှိုက်များရှင်းလင်းခြင်း၊ နုံးများ ဆယ်ယူခြင်း၊ ရေမြောင်းများ ပြန်လည်တူးဖော်ခြင်းနှင့် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးကြသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။