(၁၉)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး (19th ASEAN Military Intelligence Meeting-AMIM-19)ကျင်းပ

(၁၉)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး (19th ASEAN Military Intelligence Meeting-AMIM-19)ကျင်းပ

နေပြည်တော်၊ မတ် - ၁၅

(၁၉)ကြိမ်မြောက်အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအ ဝေး (19th ASEAN Military Intelligence Meeting-AMIM-19)ကို ယနေ့နံနက်ပိုင်း တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာ့တပ်မတော်မှ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ကမ္ဘောဒီးယားနိုင်ငံမှ Lieutenant General Hun Manith နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ဘရူနိုင်းနိုင်ငံမှ Colonel Haji Mohammad Muluddin Bin Awang Haji Latif နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အင်ဒိုနီးရှားနိုင်ငံမှ 1st Air Marshal Muhamad TawakalSyaifulhaq Sidik နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ လာအိုနိုင်ငံမှ Col. Phimmachanh VONGPANNA နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊မလေးရှားနိုင်ငံမှ Lieutenant General Datuk Ahmad Norihan Bin Jalal နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ ဖိလစ်ပိုင်နိုင်ငံမှ Major General Charlton Sean Gaerlan နှင့် ကိုယ်စား လှယ်အဖွဲ့ဝင်များ၊ စင်္ကာပူနိုင်ငံမှ Colonel Simon Chang နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံမှ Lieutenant General Natee Wongissares နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ဗီယက်နမ်နိုင်ငံမှ Major General LE HONG SON နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ (၁၉)ကြိမ်မြောက်အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး(AMIM-19)ဉက္ကဋ္ဌ ကမ္ဘောဒီးယားဘုရင့်တပ်မတော် သုတေသနနှင့် ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် Lieutenant General Hun Manith က အဖွင့်မိန့်ခွန်းပြောကြားသည်။

ထို့နောက်  ဟန်ချက်ညီ လုံခြုံရေးအတွက် စည်းလုံးညီညွတ်မှု (Solidarity  for Harmonised security)ဟူသည့် ခေါင်းစဉ်အပေါ်အမြင်များအား နိုင်ငံအလိုက် အလှည့်ကျဆွေးနွေးကြသည်။ ဆက်လက်၍ အာဆီယံထောက်လှမ်းရေးအရာရှိငယ် များ အပြန်အလှန်ခရီးစဉ်ဖလှယ်ရေး ဆိုင်ရာကိစ္စများ၊ အာဆီယံစစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအသိုက်အဝန်း တည်ထောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ ပူးတွဲထုတ်ပြန်ကြေညာချက်(Joint Statement)နှင့်ပတ်သက်၍ ဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။      

ယင်းနောက်(၁၉)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ် များအစည်းအဝေး(AMIM-19)ဉက္ကဋ္ဌက အပိတ်မိန့်ခွန်းပြောကြားပြီး (၂၀)ကြိမ်မြောက် အာဆီယံ တပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးအား အလှည့်ကျ ဉက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် အင်ဒိုနီးရှားတပ်မတော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ထံသို့ ဉက္ကဋ္ဌတာဝန်များအား လွှဲပြောင်းပေးအပ်သည်။

ထို့နောက် အင်ဒိုနီးရှားတပ်မတော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က လွှဲပြောင်းလက်ခံမှုမိန့်ခွန်းပြောကြားပြီး အစည်းအဝေး အောင်မြင်စွာပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။