(၁၂)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး 12th ASEAN Military Operation Meeting (12th AMOM)ကျင်းပ

(၁၂)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး 12th ASEAN Military Operation Meeting (12th AMOM)ကျင်းပ

နေပြည်တော်၊ မတ် - ၁၅

(၁၂)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး 12th ASEAN Military Operation Meeting (12th AMOM) ယနေ့နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ကမ္ဘောဒီးယားနိုင်ငံမှ Major General Pen Sokrethvithyea နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ဘရူနိုင်းနိုင်ငံမှ Brigadier General Haji Abdul Razak bin Haji Abdul Kadir နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အင်ဒိုနီးရှားနိုင်ငံမှ Major General Syaffrudin နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ လာအိုနိုင်ငံမှ Brigadier General Sonethong Keolokham နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မလေးရှားနိုင်ငံမှ Major General Hashim bin Aman Shah နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဖိလစ်ပိုင်နိုင်ငံမှ Major General Alex S Rillera Pa နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ စင်္ကာပူနိုင်ငံမှ Brigadier General Ho Kum Luem နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံမှ Lieutenant General Chitchanok Nujjaya နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ဗီယက်နမ်နိုင်ငံမှ Major General Nguyen Duc Can နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ (၁၂)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်း အဝေး (12th AMOM) ဉက္ကဋ္ဌ ကမ္ဘောဒီးယားဘုရင့်တပ်မတော်မှ    Major General Pen Sokrethvithyea က အဖွင့်မိန့် ခွန်းပြောကြားသည်။

ထို့နောက် ယခုနှစ်အစည်းအဝေး၏ “ဟန်ချက်ညီသော လုံခြုံရေးအတွက် စည်းလုံးညီညွတ်မှု အမြင်ခြင်းဖလှယ် (Solidarity for Harmonised Security) ခေါင်းစဉ်အပေါ် အမြင်များအား နိုင်ငံအလိုက် အလှည့်ကျဆွေးနွေးကြသည်။ ဆက်လက်၍ အာဆီယံတပ်မတော်များ၏ ၂ နှစ်တာလုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၄) အား ဆွေးနွေးအတည်ပြုခြင်း အပါအဝင် အခြားကိစ္စရပ်များအား ဆွေးနွေးကြသည်။     

ယင်းနောက် (၁၂)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး ဉက္ကဋ္ဌက အပိတ်မိန့်ခွန်းပြောကြားပြီး (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော်စစ်ဆင်ရေးမှူးချုပ်များအစည်းအဝေး(13rd AMOM)အား အလှည့်ကျ ဉက္ကဋ္ဌ အဖြစ်တာဝန်ယူ ဆောင်ရွက်မည့် အင်ဒိုနီးရှားတပ်မတော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ထံသို့ ဉက္ကဋ္ဌတာဝန်များအား လွှဲပြောင်းပေးအပ်သည်။

ထို့နောက် အင်ဒိုနီးရှားတပ်မတော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က လွှဲပြောင်းလက်ခံမှုမိန့်ခွန်းပြောကြားပြီး အစည်းအဝေး အောင်မြင်စွာပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။