တူရင်၊ ဘောလုံး
ဂျူဗင်တပ်စ်အသင်း စက်တင်ဘာ ၂၇ ရက်ညက ရိုးမားနှင့်ကစားသည့် စီးရီးအေပွဲစဉ်တွင် နောက်မှ လိုက်ကစားခဲ့ရပြီး ရာဘီယော့ နှစ်ဝါတစ်နီဖြင့် ထွက်ခဲ့ရသော်လည်း စီရော်နယ်ဒိုတစ်ဦးတည်း နှစ်ဂိုး စလုံးပြန်ချေပကာ နှစ်ဂိုးစီသရေကျခဲ့သည်။ ၂၀၂၀ - ၂၀၂၁ ဘောလုံးရာသီတွင် ပထမအကြိမ် အမှတ် ဆုံးရှုံးခဲ့ရပြီး ၁၀ နှစ်ဆက်တိုက် စီးရီးအေ ချန်ပီယံဆုရရှိရေးအတွက် စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း စီရော်နယ်ဒိုက လက်ရှိနည်းပြသစ် ပီယာလိုလက်ထက်တွင် အသင်းမှာ ပိုအောင်မြင်ပြီး တောက်ပသော အနာဂတ်ရှိနေသည်ဟု ပြောသည်။
Ref:Mirror