ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါ

ပိုးတွေ့လူနာ  ၉၇ ဦးထပ်တိုး

နေပြည်တော် စက်တင်ဘာ ၂၈ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ညနေ ၅ နာရီနှင့် ည ၈ နာရီတို့တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များ အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၈၉၇ ဦးနှင့် သေဆုံးသူ ၃၀ ဦး ထပ်တိုးကြောင်း သိရသည်။

(၂၇-၉-၂၀၂၀)ရက် ည ၈ နာရီမှ (၂၈-၉-၂၀၂၀) ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၅၅၉၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၈၉၇ ဦးတွေ့ရှိရ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။