ပီအက်စ်ဂျီအသင်းက နည်းပြပိုချက်တီနိုနေရာ၌ အစားထိုးမည့် နည်းပြများ စာရင်းတွင် ဇီဒန်းနှင့်အတူ စပါးအသင်းနည်းပြ ကွန်တီနှင့် အာဆင်နယ်အသင်း နည်းပြ အာတီတာတို့လည်း ပါဝင်လာ

ပီအက်စ်ဂျီအသင်းက နည်းပြပိုချက်တီနိုနေရာ၌ အစားထိုးမည့် နည်းပြများ စာရင်းတွင် ဇီဒန်းနှင့်အတူ စပါးအသင်းနည်းပြ ကွန်တီနှင့် အာဆင်နယ်အသင်း နည်းပြ အာတီတာတို့လည်း ပါဝင်လာ

ပီအက်စ်ဂျီအသင်းက  ယခုဘောလုံးရာသီ အကုန်တွင် နည်းပြပိုချက်တီနိုနေရာ၌ အစားထိုးရန် ပြင်ဆင်နေပြီး  လက်ရှိလျာထားသည့် နည်းပြများစာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်း နည်းပြဟောင်း ဇီဒန်းနှင့်အတူ လက်ရှိ စပါးအသင်း နည်းပြကွန်တီနှင့် အာဆင်နယ် အသင်းနည်းပြ အာတီတာတို့လည်း ပါဝင်လာကြောင်း သိရသည်။

ပီအက်စ်ဂျီအသင်းသည်  နည်းပြပိုချက်တီနိုနှင့် စာချုပ်သက်တမ်း ကျန်ရှိနေပြီး ယခုဘောလုံးရာသီတွင် ကမ္ဘာ့ထိပ်တန်း ကစားသမားအများစု ခေါ်ယူထားသော်လည်း  ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အောင်မြင်မှုမရရှိဘဲ  ၁၆  သင်း ရှုံးထွက်အဆင့်မှ  ထွက်ခွာခဲ့ရပြီးနောက်  ယခုဘောလုံးရာသီ အကုန်တွင်   နည်းပြအပြောင်းအလဲ ပြုလုပ်မည်ဖြစ်သည်။

ပီအက်စ်ဂျီအသင်းက ရီးယဲလ်မက်ဒရစ် အသင်းကို  ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့်အတွက် အဆိုပါပွဲစဉ်အပြီး နည်းပြအပြောင်းအလဲ ချက်ချင်း ပြုလုပ်ဖွယ်ရှိနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း  နောက်ဆုံးတွင်  ယခုဘောလုံးရာသီအကုန် အထိ ဆက်လက်တာဝန် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အစောပိုင်းက ပီအက်စ်ဂျီအသင်းက နည်းပြဇီဒန်းကို  ဦးစားပေး ခေါ်ယူရန်   စီစဉ်ထားသော်လည်း နည်းပြဇီဒန်းကို ခန့်အပ်ရန် အဆင်မပြေပါက  ကွန်တီနှင့် အာတီတာတို့ကို ဒုတိယဦးစားပေး ခေါ်ယူရန် စီစဉ်ထားကြောင်း သိရသည်။