ချယ်လ်ဆီးအသင်း ပရိသတ်များအတွက် လက်မှတ်ရောင်းချခွင့် ရရှိနိုင်ရေး ပိတ်ဆို့အရေးယူမှုဆိုင်ရာ ဌာနခွဲရုံးနှင့် ဒုတိယအကြိမ် ဆွေးနွေးမှုများ ပြုလုပ်ရန်ပြင်ဆင်

ချယ်လ်ဆီးအသင်း ပရိသတ်များအတွက် လက်မှတ်ရောင်းချခွင့် ရရှိနိုင်ရေး ပိတ်ဆို့အရေးယူမှုဆိုင်ရာ ဌာနခွဲရုံးနှင့် ဒုတိယအကြိမ် ဆွေးနွေးမှုများ ပြုလုပ်ရန်ပြင်ဆင်

လက်ရှိတွင် ကန့်သတ်ထိန်းချုပ်မှုများကြောင့် အခက်ကြုံနေရသည့် ချယ်လ်ဆီး အသင်းသည် လာမည့်ပွဲစဉ်များတွင် အသင်းပရိသတ်များ အတွက် လက်မှတ်ရောင်းချခွင့် ပြန်လည်ရရှိနိုင်ရေး ပိတ်ဆို့ အရေးယူမှုဆိုင်ရာ ဌာနခွဲရုံး(OFSI)နှင့်   ဒုတိယအကြိမ် ဆွေးနွေးမှုများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ရုရှား-ယူကရိန်း အရေးကြောင့် အသင်းကို ပိုင်ဆိုင်ထားသည့် ရုရှားနိုင်ငံသား အီဗရာမိုဗစ်ချ်အား ဗြိတိန်အစိုးရက နိုင်ငံအတွင်း စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီးနောက်  ချယ်လ်ဆီးအသင်းအနေဖြင့်   ဗြိတိန်အစိုးရ၏ ကြီးမားသည့် ကန့်သတ်ထိန်းချုပ်မှုများနှင့် ရင်ဆိုင်နေရပြီး အဆိုပါကြီးမားသည့် ကန့်သတ်ချက်များတွင် အသင်း၏ လက်မှတ်ရောင်းချမှုလည်း ပါဝင်နေရာ ချယ်လ်ဆီးအသင်း ပရိသတ်များအတွက်  လက်မှတ်ရောင်းချခွင့် ပြန်လည်ရရှိနိုင်ရန်    ပိတ်ဆို့ အရေးယူမှုဆိုင်ရာ ဌာနခွဲရုံးနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည်   မတ် ၁၉  ရက်တွင် ကစားမည့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်အဖြစ်  မစ်ဒယ်ဘရော့အသင်းနှင့် ကစားမည့် ပွဲစဉ်အတွက် လက်မှတ်ရောင်းချခွင့် ရရှိရန် ပိတ်ဆို့အရေးယူမှုဆိုင်ရာ ဌာနခွဲရုံးထံ    တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး အယူခံ ဝင်ရောက်ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

ထို့နောက် ချယ်လ်ဆီးအသင်းက အဆိုပါပွဲစဉ်ကို ပရိသတ်မပါဘဲ  ကွင်းပိတ် ကစားခွင့်ပေးရန် ထပ်မံတောင်းဆိုခဲ့သော်လည်း အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်က ပယ်ချခဲ့ခြင်းဖြစ်သည်။

ယခုအခါ ချယ်လ်ဆီးအသင်းက မစ်ဒယ်ဘရော့ အသင်းနှင့် ပွဲစဉ်မှစတင်ပြီး     လက်မှတ်ပြန်လည် ရောင်းချခွင့် ရရှိနိုင်ရေးအတွက်  ပိတ်ဆို့ အရေးယူမှုဆိုင်ရာ ဌာနခွဲရုံးနှင့်   ဒုတိယအကြိမ်ဆွေးနွေးမှုများ  ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Ref;Football London