(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့ဆေးရုံများ၌  စုပေါင်းသွေးလှူဒါန်း

(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့ဆေးရုံများ၌  စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ မတ် - ၁၉

(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် စုစုပေါင်း ၁၅၀ ဦးတို့က စုပေါင်းသွေးလှူဒါန်းကြသည်။

ထိုသို့ စုပေါင်းသွေးလှူဒါန်းနေမှုများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ တာဝန်ရှိသူများ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် သွေးလှူဒါန်းမှုတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြ သော ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

အလားတူ သံတွဲမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အထွေထွေရောဂါကုဆေးရုံကြီးတို့၌လည်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ  အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းကြရာ တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် အားဆေးများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။