ယူရိုပါလိဂ်ပြိုင်ပွဲ၌ ချန်ပီယံဆုအတွက် ရေပန်းစားနေသည့် ဘာစီလိုနာအသင်းနှင့် ဝက်စ်ဟမ်းအသင်းတို့ ဆီမီးဖိုင်နယ်အဆင့်တွင် ထိပ်တိုက်တွေ့ဆုံဖွယ်ရှိ

ယူရိုပါလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်အတွက် မဲခွဲမှုအပြီးတွင် ချန်ပီယံဆုအတွက် ရေပန်းစားနေသည့်    ဘာစီလိုနာအသင်းနှင့် ဝက်စ်ဟမ်းအသင်းတို့ ပွဲစဉ်ဇယားအရ ဆီမီးဖိုင်နယ်အဆင့်တွင် ထိပ်တိုက်တွေ့ဆုံ ဖွယ်ရှိနေကြောင်း သိရသည်။

ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်မတိုင်မီ  ၁၆ သင်းရှုံးထွက်အဆင့်တွင်  ချန်ပီယံဆုအတွက်  ဘာစီ လိုနာအသင်းနှင့်အတူ ဆီဗီလာအသင်းက ရေပန်းစား လျက်ရှိသော်လည်း   ဆီဗီလာအသင်းသည်   ဝက်စ် ဟမ်းအသင်းကို ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲမှထွက်ခွာခဲ့ ရပြီး   ဝက်စ်ဟမ်းအသင်းသည်လည်း  ချန်ပီယံဆုအတွက် ဘာစီလိုနာအသင်းနှင့်အတူ ရေပန်းစားနေ ခြင်းဖြစ်သည်။

ယူရိုပါလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်အတွက် မဲခွဲပွဲတွင် ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်နှင့် အိမ်ကွင်း၊ အဝေးကွင်းပွဲစဉ်များကိုပါ   သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်အတွက်   မဲခွဲမှုအပြီးတွင် လိုက်ပဇစ်အသင်းနှင့် အတ္တလန္တာအသင်း၊ ဖရန့်ဖတ် အသင်းနှင့် ဘာစီလိုနာအသင်း၊ ဝက်စ်ဟမ်းအသင်းနှင့် လိုင်ယွန်အသင်း၊ ဘရာဂါအသင်းနှင့် ရိန်းဂျား အသင်းတို့တွေ့ဆုံခဲ့ကြသည်။

ဆီမီးဖိုင်နယ်အဆင့်တွင်  လိုက်ပဇစ်အသင်းနှင့် အတ္တလန္တာအသင်းတို့ပွဲစဉ်မှ အနိုင်ရရှိမည့်အသင်းနှင့်    ဘရာဂါအသင်းနှင့်   ရိန်းဂျားအသင်းတို့ ပွဲစဉ်မှ  အနိုင်ရရှိမည့်အသင်းတို့ တွေ့ဆုံမည်ဖြစ်ပြီး ဖရန့်ဖတ်အသင်းနှင့်   ဘာစီလိုနာအသင်းတို့ပွဲစဉ်မှ အနိုင်ရရှိမည့်အသင်းနှင့်   ဝက်စ်ဟမ်းအသင်းနှင့် လိုင်ယွန်အသင်းတို့ပွဲစဉ်မှ  အနိုင်ရမည့်အသင်းတို့ ထိပ်တိုက်တွေ့ဆုံမည် ဖြစ်သည်။

ယူရိုပါလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်များကို ဧပြီ ၇ ရက်၊ ဒုတိယအကျော့ ပွဲစဉ်များကို ဧပြီ ၁၄ရက်၊ ဆီမီးဖိုင်နယ်အဆင့် ပထမ အကျော့ပွဲစဉ်များကို ဧပြီ ၂၈ ရက်နှင့် ဒုတိယအကျော့ ပွဲစဉ်များကို မေ ၅ ရက်တို့တွင် အသီးသီးကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲကို  မေ ၁၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။        Ref;UEFA.Com