လီဗာပူးအသင်းနည်းပြ ကလော့ကအသင်းမှ တောင်ပံခံစစ်ကစားသမား အာနိုးအနေဖြင့် တံကောက် ကြောဒဏ်ရာကြောင့် ဧပြီလဆန်းပိုင်းအထိ အနားယူရဖွယ်ရှိကြောင်း အတည်ပြုပြောကြားသည်။
အသက် ၂၃ နှစ်အရွယ် အာနိုးသည် အာဆင်နယ် အသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည့်ပွဲစဉ်၌ ပွဲပြီးဆုံးချိန်အထိ ကစားနိုင်ခဲ့သော်လည်း အဆိုပါပွဲစဉ် ကစားစဉ်ကတည်းက တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ပွဲစဉ်အပြီး စစ်ဆေးမှုများပြုလုပ်ရာ တံကောက်ကြောဒဏ်ရာမှာ အနည်းငယ်ပြင်းထန် သည့်အတွက် ရက်သတ္တသုံးပတ်ခန့်အထိ အနားယူရဖွယ်ရှိနေခြင်း ဖြစ်သည်။
အာနိုးသည် ယခုဘောလုံးရာသီတွင် လီဗာပူးအသင်းနှင့်အတူ အဓိကကစားသမားအဖြစ် ခြေစွမ်းပြ လျက်ရှိပြီး နှစ်ဂိုးသွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ ပြုလုပ်ထားသူ ဖြစ်သည်။
အာနိုးအနေဖြင့် အနည်းဆုံး ရက်သတ္တသုံးပတ် ခန့်အထိ အနားယူရဖွယ်ရှိသည့်အခြေအနေ ကြောင့် မတ် ၂၁ ရက်တွင် နော်တင်ဟမ်ဖောရက်စ်အသင်း နှင့်ကစားမည့် အက်ဖ်အေဖလားပွဲစဉ်မှ စတင်ပြီး ဧပြီ ၁၀ ရက်တွင် အရေးကြီးပွဲစဉ်ဖြစ်သည့် မန်စီးတီး အသင်းနှင့်ပရီးမီးယားလိဂ်ပွဲစဉ်ကိုပါ လွဲချော်ရဖွယ်ရှိကြောင်း သိရသည်။
Ref;Sky Sports