တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ မတ် - ၁၉

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္က လာပမြို့နယ်၊ အနန်းပင်ရပ်ကွက်ရှိ ရွှေဉမင်တောရရိပ်သာကျောင်းတိုက်၊ အနန်းပင် စာသင်တိုက်၊ ကြံခင်းစုရပ်ကွက်ရှိ စမ်းချောင်းကျောင်းတိုက်၊ မြတောင်ညိုကျောင်းတိုက်၊ ပဇောတာရုံကျောင်းတိုက်၊ ထောက်ကြန့်တိုးချဲ့ရပ်ကွက်ရှိ ရွှေကြက်ယက်ကျောင်းတိုက်၊ တွံတေးမြို့နယ်၊ ထော်သိုကျေးရွာရှိ ဗောင်းတော်ချုပ်ကျောင်းတိုက်၊ ဧရာဝတီတိုင်း ဒေသကြီး၊ သာပေါင်းမြို့၊ ကျင်းကြီးတောင်ပေါ်တောရကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ မဟာ ဝိသုဒ္ဓါရုံတိုက်သစ်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ ကြံတိုင်းအောင် စာသင်တိုက်နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ သာသနာ့ မဉ္ဇူဘုန်းတော်ကြီးကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင် များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေ များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများ ကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။