ဟိုမိန်းမြို့နယ်၊ ကာလိမြို့နယ်၊ လဲချားမြို့နယ်နှင့် လင်းခေးမြို့နယ်များအတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

ဟိုမိန်းမြို့နယ်၊ ကာလိမြို့နယ်၊ လဲချားမြို့နယ်နှင့် လင်းခေးမြို့နယ်များအတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ မတ် - ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုမိန်းမြို့နယ်၊ ကာလိမြို့နယ်၊ လဲချားမြို့နယ်နှင့် လင်းခေးမြို့နယ်များအတွင်းရှိ  ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်း တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုး နှင့် တာဝန်ရှိသူများ က တိုင်းစစ်ဌာနချုပ်၊ ခရေရိပ်သာဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။