ကျိုင်းတုံမြို့ရှိ နမ့်ခင်ချောင်းတစ်လျှောက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ရေတင်၍ ချောင်းဘေးတစ်လျှောက်ရှိ မြေများတွင် ရာသီသီးနှံထုတ်လုပ်နိုင်ရန်အတွက် တောင်သူများအား မျိုးစေ့ပေးအပ်

ကျိုင်းတုံမြို့ရှိ နမ့်ခင်ချောင်းတစ်လျှောက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ရေတင်၍ ချောင်းဘေးတစ်လျှောက်ရှိ မြေများတွင် ရာသီသီးနှံထုတ်လုပ်နိုင်ရန်အတွက် တောင်သူများအား မျိုးစေ့ပေးအပ်

ပြည်တော်၊ မတ် - ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ နမ့်ခင်ချောင်းတစ်လျှောက် နေရောင် ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့်ရေတင်၍ ချောင်းဘေးတစ်လျှောက်ရှိမြေများတွင် ရာသီသီးနှံထုတ်လုပ်နိုင်သည့် တောင်သူများအား မျိုးစေ့ပေးအပ်ပွဲကို ယနေ့တွင် အဆိုပါချောင်းဘေး၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း နှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့်အစီအမံနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေတို့အား လည်းကောင်း၊ ဒေသခံတိုင်းရင်းသားတောင်သူ များက လိုအပ်ချက်များ၊ အခက်အခဲများအား အသီးသီးတင်ပြကြရာ ပြည်နယ်ဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့က တင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသားတောင်သူများထံ မျိုးစေ့များပေးအပ် ထောက်ပံ့ကာ နမ့်ခင်ချောင်းတစ်လျှောက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ရေတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား လိုက်လံကြည့်ရှုခဲ့ကြောင်း သတင်း ရရှိသည်။