ချမ်းမြသာစည်မြို့နယ်ရှိ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် ပြင်ဦးလွင် မြို့ရှိ သကျဒိတာသီလရှင်ကျောင်းတို့၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

ချမ်းမြသာစည်မြို့နယ်ရှိ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် ပြင်ဦးလွင် မြို့ရှိ သကျဒိတာသီလရှင်ကျောင်းတို့၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ မတ် - ၂၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ အမှတ်(၁၈)အခြေခံပညာ အထက်တန်းကျောင်းခွဲနှင့် ပြင်ဦးလွင်မြို့ရှိ သကျဒိတာသီလရှင်ကျောင်းတို့၌ ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာတပ်နယ်အသီးသီးမှ နယ်မြေခံတပ်တော်သားများက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ကျောင်း ပြင်ပရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် တူးဖော်ပေးခြင်း တို့ကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။