စားသုံးသူကာကွယ်ရေးဥပဒေ ကုန်အညွှန်းနှင့် ကင်ဆာ

စားသုံးသူကာကွယ်ရေး ဥပဒေဟာ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၆ ရက်မှာ အသက်ဝင်နေပြီဖြစ်ရာ ကုန်စည်များ၊ ကုန်အညွှန်းဖော်ပြရာမှာ သတ်မှတ်ချက်(၈)ချက်နဲ့ကိုက်ညီမှုမရှိပါက ဘယ်သူမဆိုရဲစခန်းမှာ အမှုဖွင့်တိုင်ကြား နိုင်ပြီလို့ စားသုံးသူရေးရာဦးစီးဌာနဗဟိုမှ    လက်ထောက်ညွှန်ကြားရေးမှူးက ပြောကြားခဲ့တယ်။

ကုန်ညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်တွေက ရဲအရေးပိုင်မှုဖြစ်တယ်။ ဘယ်သူမဆို စားသုံးသူတွေအနေနဲ့ ကုန်ပစ္စည်းတစ်ခုကို ဝယ်ယူတဲ့အခါမှာ(labeling) ကိုက်ညီမှုမရှိရင် ရဲစခန်းကိုသွားပြီး အမှုဖွင့်တိုင်ကြားလို့ ရပါတယ်။

ကုန်ညွှန်းအမှတ်အသား (labeling) ဖော်ပြရာမှာ(၁) ကုန်စည်တံဆိပ် အမှတ်အသား၊ (၂) ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နဲ့ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံအညွှန်း၊(၃) ထုတ်လုပ်တဲ့ရက်စွဲ၊ သက်တမ်းကုန်ရက်စွဲ၊ ထုတ်လုပ်တဲ့အမှတ်စဉ်၊ (၄) ပြည်တွင်းကိုတင်သွင်းလာတဲ့ ကုန်စည်ဖြစ်ပါက တင်သွင်းသူရဲ့အမည်၊ လိပ်စာ၊ ထုတ်လုပ်တဲ့လုပ်ငန်းအမည်၊ လိပ်စာ၊ (၅) ထုတ်လုပ်တဲ့နေရာ ပြည်ပမှကုန်စည်တင်သွင်းပြီး ပြန်လည်ထုပ်ပိုးတဲ့နေရာ၊ (၆) ပါဝင်တဲ့ ကုန်ကြမ်းအမျိုးအမည်များနဲ့ ပမာဏပါဝင်မှုအမျိုးအစား၊ (၇) ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်ကြိုတင်သတိပေးချက်၊  (၈) သက်ဆိုင်ရာဌာနများက ဖော်ပြဖို့သတ်မှတ်ထားတဲ့ အချက်အလက်များရှိရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အချက်(၂)နဲ့ အချက်(၇)တို့ကို မြန်မာဘာသာနဲ့ ဖော်ပြရမယ်လို့လည်း ဖော်ပြထားပါတယ်။

စားသုံးသူအခွင့်အရေးဆိုင်ရာ အချက်(၈)ချက်မှာ (၁) စိတ်ကျေနပ်မှုရရှိခွင့်၊ (၂) လုံခြုံစိတ်ချစွာဖြင့် ဘေးအန္တရာယ်ကင်းစွာ အသုံးပြုနိုင်ခွင့်၊ (၃) သတင်းအချက်အလက် ပြည့်စုံစွာရပိုင်ခွင့်၊ (၄) စိတ်ကြိုက်ရွေးချယ်

ပိုင်ခွင့်၊ (၅) နစ်နာဆုံးရှုံးမှုများအတွက်ပြောဆိုတင်ပြပိုင်ခွင့်၊ (၆) ထိခိုက်နစ်နာမှုအတွက် လျော်ကြေးရပိုင်ခွင့်၊ (၇) စားသုံးသူရေးရာနှင့်ပတ်သက်လို့ သိရှိလေ့လာနိုင်ခွင့်၊ (၈)ကောင်းမွန်ရှင်းသန့်တဲ့ပတ်ဝန်းကျင်ကို ရရှိပိုင်ခွင့်တို့ ပါဝင်ပါတယ်။

 အချက်(၃)မှာ ဖော်ပြထားတဲ့သတင်းအချက်အလက်ပြည့်စုံစွာရရှိပိုင်ခွင့်အရ ကုန်စည်တံဆိပ်အမှတ်အသား ဖော်ပြရာမှာ မြန်မာဘာသာ၊ မြန်မာဘာသာနဲ့ အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပိုမိုဖော်ပြရာမှာ စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက် (၈)ချက်နဲ့ ကိုက်ညီရမှာဖြစ်ကြောင်း ကုန်ညွှန်းအမှတ်အသား (labeling)နဲ့ မညီပါက စားသုံးသူများအနေနဲ့ ရဲစခန်းမှာ မိမိကိုယ်တိုင် တိုင်ကြားနိုင်တယ်လို့ လက်ထောက်ညွှန်ကြားရေးမှူးက ဆိုတယ်။ အဆိုပါဥပဒေအရ ကုန်စည်အုပ်စုမှာ (က) အစားအသောက်၊ (ခ) အိမ်သုံးပစ္စည်းများ၊ (ဂ) ကလေးအသုံးအဆောင်များ၊ (ဃ) ဆက်သွယ်ရေးပစ္စည်းများ၊ (င) ဆေးဝါးနဲ့ ဖြည့်စွက်အစာများ၊ (၈) အလှကုန်ပစ္စည်းများ၊(ဆ)လူသုံးကုန်ပစ္စည်းများစတဲ့ (၈)အုပ်စုရှိကာ ပြည်ထောင်စု လွှတ်တော်က ၂၀၁၉ခုနှစ် မတ် ၁၅ ရက်က ပြဋ္ဌာန်းတဲ့စားသုံးသူကာကွယ်ရေးဥပဒေမှာ ပါဝင်တယ်။ ကင်ဆာရောဂါ ဖြစ်စေတဲ့ ကလေးတွေစားတဲ့ ဂျယ်လီမှာ ဂျယ်လီပေါင်ဒါ၊ တာရှည်ခံဆေး၊ ဆာလဖျူရစ်အက်စစ်တို့ပါဝင်နေလို့ ကင်ဆာဖြစ်ပွားနိုင်လို့ ကလေးတွေကို မကျွေးသင့်ပါဘူး။

နေ့စဉ် အသုပ်ဆိုင်၊ အကင်ချောင်း၊ ငါးကင်၊ ကြက်ကင်၊ အကြော်ဆိုင်၊ တုတ်ထိုးဆိုင်တွေမှာ လူတွေနေ့စဉ် မြိန်ရေယှက်ရေ တို့စားနေတဲ့အချဉ်ရည်မှာ တားမြစ်ဆိုးဆေးနီနီရဲရဲနဲ့ ဓာတုတာရှည်ခံဆေး ဆာလဖျူရစ်အက်စစ်ပျော့တို့ ပါဝင်နေတယ်။ အစာအူလမ်းကြောင်းကင်ဆာ၊ အသည်းကင်ဆာဖြစ်စေလို့ ရှောင်ရှားရမယ်။

  ကွမ်းယာနဲ့ ဆေးရွက်ကြီးကြည့်ရင် ကွမ်းရွက်ကိုဖျန်းတဲ့ ပိုးသတ်ဆေးကြောင့် ကင်ဆာဖြစ်နိုင်တယ်။ ပါဝင်တဲ့ထုံး၊ ဆေးမွှေး၊ ကွမ်းသီးမှိုတက်(သို)၊ မှိုမတက်အောင် ဖျန်းတဲ့ဆေးတွေက ကင်ဆာဖြစ်နိုင်တယ်။ ဆေးလိပ်မှာနီကိုတင်းနဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်း ၄၀၀၀ ကျော်ပါဝင်နေလို့ ရှောင်ရှားသင့်တယ်။

တရုတ်နို့မှုန့်နဲ့ ယင်းကတစ်ဆင့်ပြုလုပ်တဲ့ မုန့်တွေကမယ် လမင်းပါဝင်လို့ ကလေးကျောက်ကပ် ရုတ်တရက် အားနည်းခြင်း၊ ပျက်စီးခြင်းဖြစ်စေလို့ မကျွေးသင့်ဘူး။

တရုတ်မုန့်တွေမှာ ထုပ်ပိုးရက်၊ ကုန်ဆုံးရက် ပါဝင်တဲ့ပစ္စည်း၊ အလေးချိန်စသဖြင့် ထုပ်ပိုးပစ္စည်းတစ်ခုမှာ ပါဝင်ရမယ့် စာကပ်မထားလို့ မစားသင့်ဘူး။ ကော်ဖီမစ်တွေမှာ ကဖင်းဓာတ်၊ တာရှည်ခံဓာတုဆိုးဆေး၊ ကော်ဖီနံ့၊

အုန်းသီးခွံမှုန့်၊ သကြားအခြေခံဆီအုန်းကြိတ်ဖတ်ကုန်ကြမ်းပစ္စည်းတွေ ပါဝင်တာတွေ့ရလို့ မသောက်သင့်ဘူး။ ရယ်ဒီမိတ်ကော်ဖီထုပ်တွေသောက်သုံးရင်  ဆီးချို၊သွေးတိုး၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးသွေးကြောရောဂါ၊ စိတ်ကျရောဂါ၊ ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယကင်ဆာနဲ့  အမျိုးသမီးသန္ဓေမတည်နိုင်ခြင်းနဲ့ ကိုယ်ဝန်ပျက်ကျခြင်းဖြစ်စေလို့ လုံးဝမသောက်သင့်ဘူး။ ဒေသလုပ်ချက် အရက်တွေမှာ ဓာတ်မြေသြဇာ၊ အင်ဒရင်း၊ ရော်ဘာ၊ မက်သနော၊ ဆာလဖျူရစ်အက်စစ်ပြင်းစတဲ့ အဆိပ်သင့်စေတဲ့ ဓာတုပစ္စည်းများပါဝင်လို့ ကင်ဆာ၊ ရေဖျဉ်းစွဲ၊    အစာအိမ်အူလမ်းကြောင်း ကင်ဆာအမျိုးမျိုး ဖြစ်လို့ လုံးဝမသောက်သင့်ဘူး။ ရေဆာရင် ရေသောက်သင့်ပါတယ်။

အချိုရည်၊ အရက်၊ ဘီယာတို့ဟာ ခန္ဓာကိုယ်တွင်းရေကိုအချိန်တိုအတွင်း   ညစ်နွမ်းစေလို့ ရေဓာတ်ပိုမိုဆုံးရှုံးကာ ကိုယ်အပူချိန်မြင့်မားစေလို့ ပူပြင်းတဲ့နွေကာလတွေမှာ အပူဒဏ်ကိုပိုပြီးခံစားရတတ်တယ်။ အရက်သမားတွေ အလွန်ပူပြင်းတဲ့ နွေကာလမှာသောက်သုံးခြင်းမပြုဖို့ တားမြစ်သင့်ပါတယ်။

ရောင်စုံဆိုးဆေးများပါ အစားအသောက်များ၊ တားမြစ်အန္တရာယ်ဆိုးဆေးများ အသုံးပြုတဲ့ မျှစ်နီ၊ မျှစ်ဝါ၊ ပုစွန်ချဉ်၊ ပဲနီလေး၊ ပဲဝါလေး၊ ပုစွန်၊ ငါးမြွေထိုး၊ ရွှေငါး၊ ကြက်သားနဲ့ အရောင်ဆိုးထားသော အရောင်တင်မှုန့်၊ ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်ငါးပိ၊ မက်မန်းပေါင်း၊ဆီးထုပ်၊  ပန်းသီး၊  အနက်ရောင်ဆိုးထားတဲ့ ပြောင်းဖူးစတာတွေဟာ အသည်း

ကင်ဆာနဲ့    အခြားကင်ဆာဖြစ်ပွားရလို့  ရှောင်သင့်ပါတယ်။

ဓာတုဟော်မုန်းဆေးတွေ အသုံးပြုထားလို့ ကြီးထွားတဲ့မုန်လာဥဖြူများ၊ အမြစ်တိုတို အလုံးတုတ်တုတ်နဲ့ ပဲပင်ပေါက်များ၊ ဓာတ်မြေသြဇာ၊ ဓာတုပိုးသတ်ဆေးအဖြစ် သုံးထားတဲ့ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ မုန်ညင်းရွက်၊ ပန်းမုန်လာ၊ မုန်ညင်းထုပ်၊ တရုတ်မုန်ညင်းထုပ်ဆေးစိမ်ဆေးဖျန်းပြီးမှည့်နေတဲ့ သရက်သီး သဘောၤသီး၊ လိမ္မော်သီး၊ ပန်းသီး၊ ငှက်ပျောသီးတို့ဟာ ကင်ဆာဖြစ်စေနိုင်လို့ ရှောင်ရှားသင့်ပါတယ်။ မျိုးဆက်သုံးဆက်ကျော်

ပြင်ထားတဲ့အင်အော်ဂဲနစ်အသီးအနှံမှန်သမျှကင်ဆာဖြစ်စေလို့ရှောင်ရှားသင့်ပါတယ်။

ရေမြောင်းဆီ၊   ပြန်ကြော်ဆီတွေဟာတရုတ်၊ ထိုင်ဝမ်နဲ့ ထိုင်းနိုင်ငံ ရနောင်းတို့ဘက်ကဝင်လာတယ်။ ရေမြောင်းတစ်လျှောက် စားကြွင်းစားကျန်ကဆီများ စုထည့်ကာ ဓာတုဆေးနဲ့အရောင်ချွတ်၊ ပဲနံ့ထည့်သွင်း၊ ဆီဈေးကွက်အတွင်း မြေပဲဆီတံဆိပ်ကပ်ပြီး ရောင်းချကာ တစ်ပိဿာလျှင်ငွေကျပ် ၂၅၀၀၊ ၃၀၀၀ ဝန်းကျင်ရောင်းချတယ်။

ယင်းဆီတွေနဲ့အသင့်အမြန်စားစနပ်တွေဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆင်းဒဝှစ်၊ ပီဇာ၊ အာလူးချောင်းကြော်တို့ဖြစ်လို့ ကင်ဆာရောဂါဖြစ်နိုင်တယ်။ လမ်းဘေးလက်ဖက်ရည်ဆိုင်စားဖွယ်စုံဆိုင်ကြီးတွေမှာ အင်ဂျင်ဝိုင်အဟောင်းလို ညိုမည်းတဲ့ ပြန်ကြော်ဆီတွေနဲ့စမူဆာ၊ အီကြာကွေးတွေကြော်နေလို့  ယင်းတို့ကိုစားသုံးပါက  ပန်ကရိယကင်ဆာ၊ အသံအိုးကင်ဆာ၊ အစာအိမ်အူလမ်းကြောင်းကင်ဆာ၊ အူမကြီးကင်ဆာတို့ ဖြစ်စေနိုင်လို့အတတ်နိုင်ဆုံး  လမ်းဘေးအစားအသောက်တွေ  ရှောင်ဖို့လိုအပ်ပါတယ်။

မြန်မာရဲ့ လမ်းဘေးဈေးသည်တွေဟာ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့ (FDA) လက်မှတ်မရထားဘဲ အမြတ်ငွေများများကျန်မယ့် အကြော်ခံဆီ၊ ဓာတုဆိုးဆေးတွေ အစားအသောက်တွေ စီမံထားတတ်ကြလို့ စိတ်မသန့်ရင် လမ်းဘေးအစားအစာများ စားသောက်ခြင်းမှ ရှောင်ကြဖို့ ယခုလိုရေးသားရခြင်း ဖြစ်ပါတယ်။

 အလှကုန်ပစ္စည်းတွေဖြစ်တဲ့ နှုတ်ခမ်းနီ၊ လက်သည်းဆိုးဆေး၊ မိတ်ကပ်၊ ပါးနီတွေမှာ ပြဒါးပါဝင်မှုရှိခဲ့လို့  FDA က အသုံးမပြုသင့်ကြောင်းကြေညာကာ  ဈေးကွက်ထဲက ရုပ်သိမ်းစေတယ်။ ဆိုးဆေးတွေပါဝင်လို့ ခဲဆိပ်သင့်စေနိုင်တယ်။   အွန်လိုင်းကိုသုံးလာကြတယ်။  FDA စစ်ဆေးခြင်း မရှိတဲ့အပြင် ဈေးကြီးမြင့်လို့ စားသုံးသူနိုင်ငံတော် အခွန်ဘဏ္ဍာငွေ ဆုံးရှုံးနေလို့ အားမပေးသင့်ပါဘူး။ စားသုံးသူအသင်း ပြန်ကြားရေးတိုင်မှု လက်ခံဆောင်ရွက်ရေးစင်တာ ဖွင့်လှစ်ထားပေမယ့် ၁၃ မှုသာရှိသေးတယ်။စားသုံးသူတွေနစ်နာရင် ကိုယ်တိုင်တိုင်ကြားသင့်ပြီဖြစ်တယ်။ ဈေးကွက်ထဲကသောက်ရေဘူးတွေလိုက်စစ်တော့တစ်ဝက်လောက် ကလုပ်ငန်းလိုင်စင်ရော၊ FDA စစ်ဆေးမှုမှတ်တမ်းရော မရှိကြလို့ ပယ်ဖျက်တားဆီးရတယ်။ အစားအသောက်မှာ ဓာတုပစ္စည်းထည့်သွင်းခြင်း၊ အန္တရာယ်ဖြစ်စေတဲ့ လူသုံးကုန်ပစ္စည်း ရောင်းချခြင်းတို့ကို အရေးယူသင့်ပြီပဲ ဖြစ်တယ်။   ။

ဒေါက်တာလွင်သန့်