ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

(၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်)

(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၉ ရက်)

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်၊  ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက် လျင်မြန်ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေးအတွက် လည်းကောင်း၊ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး အတွက် လည်းကောင်း၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ၏ Appeal for Global Ceasefire  ကို ထောက်ခံသောအားဖြင့် လည်းကောင်း နိုင်ငံတကာ စံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁)ရက်မှ (၃၀)ရက်အထိ တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု တိုးမြှင့်ရပ်စဲထားကြောင်းကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

၂။ ယခုအခါ မိမိတို့နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်း အတွင်း နိုင်ငံအနှံ့အပြားတွင် ကူးစက်နှုန်း မြင့်မားခြင်းနှင့် သေဆုံးမှုများ ရှိနေခြင်းကြောင့် COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြန်မာ့တပ်မတော် အနေဖြင့်လည်း နိုင်ငံတော်နှင့် အမျိုးသား အကျိုးစီးပွားအတွက်  အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါသည်။

၃။ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့် ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ  ဆောင်ရွက်နိုင်ရေးတို့ အတွက် နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ် ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်းများ ရှိသည့် နေရာများမှအပ ကျန်နယ်မြေ များတွင် တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁)ရက်မှ (၃၁) ရက်အထိ ထပ်မံတိုးမြှင့် ရပ်ဆိုင်း ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး