တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ မတ် - ၂၃
    
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
    
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ နတ်ရေကန်သောဘိတာရာမပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်၊ ပြည်တော်သာရပ်ကွက်ရှိ မင်းကျောင်းပရိယတ္တိစာသင်တိုက်၊ မှော်ဘီမြို့နယ်၊ ပိန္နဲကုန်းကျေးရွာရှိ ဓမ္မသုခတိုက်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တောရကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ ပုဏ္ဏားကျွန်းတပ်ဦး ဘုန်းတော် ကြီးကျောင်း၊ မြောက်ဦးမြို့ရှိ ဆင်ဝန်တောင်ဘုန်းတော်ကြီးကျောင်းတိုက်၊ ဘူးသီးတောင် မြို့ရှိ ဇေယျသုခဘုန်းတော်ကြီးကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ မန္တလေးတောင်ခြေရှိ ဓမ္မဓရမဟာသီဟနာဒကျောင်းတိုက်၊ အမရပူရမြို့နယ်၊ ပြည်လုံးကျော်ကျေးရွာရှိ သာသနာ့ဇောတိကကျောင်းတိုက်၊ မှန်တမ်း ရပ်ကွက်ရှိ ဆင်ဖြူမယ်ကျောင်းတိုက်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မုံရွေးကျောင်းတိုက်၊ ပြင်ဦးလွင် မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၂၁ ကျောင်း၊ သပိတ်ကျင်းမြို့နယ်၊ အုံဇုံးကျေးရွာအုပ်စု၊ ကွင်း ၃၁ ကျေးရွာရှိ သမိုင်းကျောင်းတိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့ရှိ တက္ကသိုလ်အင်းမတောရ ကမ္မဋ္ဌာန်း ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းတို့မှ ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်း ကြသည်။

ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ နတ်ရေကန်သောဘိတာရာမ ပရိယတ္တိစာသင်တိုက်အတွင်း ဆောက်လုပ်လျက်ရှိသော မဟာဝေဇယန္တာဗိမာန်တော် အတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက ဘိလပ်မြေ ၅၀ အိတ်ကို အဆိုပါကျောင်းဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။