(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်အတွင်း STAR MART အရောင်းဆိုင်ဖွင့်လှစ်
နေပြည်တော်၊ မတ် ၂၃
(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း STAR MART အရောင်းဆိုင်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ အောင်ချမ်းသာ (၁) ရပ်ကွက်၊ ရွာကောက်၊ ရန်ကုန်-မန္တလေးလမ်းအနီးရှိ အဆိုပါအရောင်းဆိုင်၌ပြုလုပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး STAR MART အရောင်းဆိုင်အတွင်း ခင်းကျင်းပြသထားသော စားသောက်ကုန်၊ လူသုံးကုန်နှင့် အိမ်ဆောက်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးရာ တာဝန်ရှိသူ တစ်ဦးက အဆိုပါအရောင်းဆိုင် ဆိုင်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
၎င်းအရောင်းဆိုင်တွင် ဆန်၊ သကြား၊ ဆီသွပ်ဘူးမျိုးစုံ၊ ဒဂုံအဖျော်ယမကာ ကုမ္ပဏီလီမိတက်မှထုတ်ကုန်များ၊ ရွှေဖီဦးအသင့်ဖျော်လက်ဖက်ရည်ထုပ်၊ နန်းမြိုင် ကော်ဖီ၊ နေပြည်တော်သောက်ရေသန့်၊ SUN နို့မှုန့် စသည့် စားသောက်ကုန် ပစ္စည်း များ၊ DENTOMEC သွားတိုက်တံနှင့် သွားတိုက်ဆေး၊ အုန်းသားဆီ၊ အုန်းဆံမှုန့်တုံး စသည့် လူသုံးကုန်ပစ္စည်းများ၊ အိမ်ရိုက်သံအမျိုးမျိုး၊ သွပ်ဆူးကြိုးခွေ၊ သွပ်ဆူးကြိုးလိပ်၊ ဘိုးနပ်ဝါရှာ၊ ကြံ့တံဆိပ်ဘိလပ်မြေနှင့် ဆင်နှစ်ကောင်အမှတ်တံဆိပ်ဘိလပ်မြေ စသည့် အိမ်ဆောက်ပစ္စည်းများ၊ TRI-STAR အမှတ်တံဆိပ် တာယာဆိုဒ်မျိုးစုံ၊ SIGMA အမှတ် တံဆိပ် မီးကြိုးဆိုဒ်မျိုးစုံ၊ CNC 3D Machine အသုံးပြု၍ ထုတ်လုပ်ထားသော ဗုဒ္ဓ ရုပ်ပွားတော်နှင့် မာဘယ်လ်အချောထည်ပစ္စည်းများ၊ Mytel နှင့် MECTEL Sim ကတ်နှင့် ငွေ ဖြည့်ကတ်အမျိုးမျိုး၊ ဖန်ထည်ပစ္စည်းများ၊ အောက်ဆီဂျင်နှင့် Need Me အမှတ်တံဆိပ် မီးသတ်ဆေးဘူးများ၊ ကျန်းမာရေးသုံး ပစ္စည်းများဖြစ်သော STAR Mask နှင့် တစ်ခါသုံး ဆေးထိုးအပ်အမျိုးမျိုး၊ Smart အမှတ်တံဆိပ်ရှပ်အင်္ကျီအမျိုးမျိုး၊ အခြားအသုံးအဆောင်ပစ္စည်းများနှင့် လက်ဆောင်ပစ္စည်းခြင်းများကို ဝယ်ယူရရှိနိုင်သည့် အပြင် မြန်မာမိုဘိုင်းငွေကြေးဝန်ဆောင်မှုဖြင့် ငွေဖြည့်ငွေလွှဲခြင်းများကို ဆောင်ရွက် နိုင်ပြီး တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူ ရရှိနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။