နိုင်ငံတော်က ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်အပ်နှင်းခဲ့သည့် ပုဂ္ဂိုလ်များအား မန္တလေးတိုင်း ဒေသကြီးအစိုးအရအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများထပ်ဆင့် ဂုဏ်ပြု ချီးမြှင့်

နိုင်ငံတော်က ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်အပ်နှင်းခဲ့သည့် ပုဂ္ဂိုလ်များအား မန္တလေးတိုင်း ဒေသကြီးအစိုးအရအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများထပ်ဆင့် ဂုဏ်ပြု ချီးမြှင့်

နေပြည်တော်၊ မတ် - ၂၃

(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်အပ်နှင်းခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်အပ်နှင်းခြင်းခံရသည့် ပုဂ္ဂိုလ်များအား မန္တလေးတိုင်းဒေသကြီးအစိုးအရအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ထပ်ဆင့် ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့် အပ်နှင်းခြင်းခံရသည့် ပုဂ္ဂိုလ်များတက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မိမိအသက်ကို ပဓာနမထားဘဲ သက်စွန့်ကြိုးပမ်းတာဝန်ထမ်းဆောင်ခဲ့ကြသည့်အတွက် နိုင်ငံတော်မှ ၂၀၂၂ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်အပ်နှင်းခဲ့သည့် တိုင်းဒေသကြီးအတွင်းမှ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူ ၁၁၁ ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ရာ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။