နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၂ ခုနှစ်၊ မတ်လ (၂၇) ရက်တွင် ချီးမြှင့်အပ်နှင်းမည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေးသို့ တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၂ ခုနှစ်၊ မတ်လ (၂၇) ရက်တွင် ချီးမြှင့်အပ်နှင်းမည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ မတ် - ၂၃

၂၀၂၂ ခုနှစ်၊ မတ်လ(၂၇)ရက်တွင်ချီးမြှင့်အပ်နှင်းမည့် ဂုဏ်ထူးဆောင် ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့ အစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
    
အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝင်းရှိန်၊ ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
    
ဦးစွာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆပ်များ ချီးမြှင့် အပ်နှင်းရန် စိစစ်ရေးအဖွဲ့ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က မတ်လ ၂၇ ရက်တွင် ကျင်းပမည့် တပ်မတော်နေ့အခမ်းအနားတွင် နောက်ဆက်တွဲ ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးရန်အစီအစဉ်ရှိကြောင်း၊ အစဉ်အလာ အရ ၂၀၂၂ ခုနှစ်အတွင်း ထုတ်ပြန်သည့် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင် တံဆိပ်များသည် ၂၀၂၄ ခုနှစ် လွတ်လပ်ရေးနေ့တွင် ပေးအပ်ရမည်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံတော်၏ ဒီမိုကရေစီစနစ်  ပီပြင်ခိုင်မာစေရေး ထိန်းသိမ်းနေသည့်ကာလအတွင်း နိုင်ငံတော်၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့်သစ္စာရှိ ဝန်ထမ်း ကောင်းများရှိကြောင်း၊ အလားတူ အသက်နှင့်ခန္ဓာကို စွန့်လွှတ်၍ သော်လည်းကောင်း၊ အပြင်းအထန် ဒဏ်ရာရရှိသည်အထိ နိုင်ငံအတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံဝန်ထမ်းများလည်း ရှိကြောင်း၊ အဆိုပါချီးမြှင့်သင့် ချီးမြှင့်ထိုက်သူများအား ၂၀၂၃ ခုနှစ် စိန်ရတု လွတ်လပ်ရေးနေ့တွင် အခမ်းအနားဖြင့် ပေးအပ်လို၍ ယနေ့အစည်းအဝေး ကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင် တံဆိပ်များပေးအပ်ရန် မကျန်ရှိစေရေးအတွက် စိစစ်စီစဉ် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ ပေးအပ်မည့်  ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များနှင့် စပ်လျဉ်း၍ အလွှာလိုက် မကျန်ရှိစေရေး  စီမံ ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
    
ထို့နောက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆပ်များ ချီးမြှင့် အပ်နှင်းရန် စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်က စိစစ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြ သည်။
    
ယင်းနောက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့ဝင် တွဲဖက်စစ်ရေးချုပ်က တပ်မတော် ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များချီးမြှင့်နိုင်ရေးကို ရှင်းလင်းတင်ပြ သည်။
     
ဆက်လက်၍နိုင်ငံတော် တာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာ ရရှိသော(သို့မဟုတ်) သေဆုံး၊ကျဆုံးသော ဝန်ထမ်းများကို ဂုဏ်ပြုချီးမြှင့် နိုင်ရေးနှင့်စပ်လျဉ်း၍ တက်ရောက်လာကြသူများက  ရှင်းလင်းဆွေးနွေး တင်ပြကြရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆပ်များ ချီးမြှင့် အပ်နှင်းရန် စိစစ်ရေးအဖွဲ့နာယက က  ဖြည့်စွက် ဆွေးနွေးပြောကြား သည်။
    
ထို့နောက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းရန် စိစစ်ရေးအဖွဲ့နာယက ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း က  နိဂုံးချုပ်အမှာ စကားပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။