မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာရှိ ကျောင်းထိုင်ဆရာတော်နှင့် ကျေးရွာအုပ်ချုပ် ရေးမှူးဟောင်းတို့အား PDF အမည်ခံ အကြမ်းဖက်သမားများက ရက်စက်စွာသတ်ဖြတ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာရှိ ကျောင်းထိုင်ဆရာတော်နှင့် ကျေးရွာအုပ်ချုပ် ရေးမှူးဟောင်းတို့အား PDF အမည်ခံ အကြမ်းဖက်သမားများက ရက်စက်စွာသတ်ဖြတ်

နေပြည်တော် မတ် ၂၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာရှိ ကျောင်းထိုင်ဆရာတော်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း တို့အား မတ်လ ၂၄ ရက်နေ့ ညနေ ၂ နာရီခွဲချိန်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက ရက်စက်စွာသတ်ဖြတ်သွားသော သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်နေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ ကိုင်းကျေးရွာရှိ “မဟာဝိသုတာရာမ ပညာဒီပ(တောင်ကျောင်း)” မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဦးသံဝရ သက်တော် (၅၇)နှစ်၊ ဝါတော် ၂၇ ဝါသည် ညာဘက်မျက်စိ ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ညာဘက်ဗိုက်ဖောက်ဝင်ဒဏ်ရာ တစ်ချက်တို့ဖြင့်လည်းကောင်း၊ ကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးကြည်ခိုင်ဝင်း (၄၇) နှစ်သည် ရင်ဘက်ဖောက်ဝင်ဒဏ်ရာ သုံးချက်၊ ဦးခေါင်းပြတ်ထွက်ဒဏ်ရာတို့ဖြင့်လည်းကောင်း သေဆုံးနေသည် ကို တွေ့ရှိခဲ့ရသည်။
ဆရာတော်နှင့်အုပ်ချုပ်ရေးမှူးဟောင်း တို့အား သတ်ဖြတ်သွားသော PDF အမည်ခံ အကြမ်းဖက်သမားများသည် “မဟာဝိသုတာရာမ ပညာဒီပ(တောင်ကျောင်း)” ဝန်းအတွင်းရှိ ယာဉ်အမှတ် RLG-7613 NOAH အမျိုးအစား အဖြူရောင်ယာဉ်အား ယူဆောင်ကာ မြိုင်မြို့နယ်ဘက်သို့ မောင်းနှင် ထွက်ပြေးသွားကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ PDF အမည်ခံအကြမ်းဖက်သမားများ ထွက်ပြေးသွားရာနောက်သို့ လိုက်လံပိတ်ဆို့ ရှာဖွေစစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။