တပ်မတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုအစဉ်အလာ

(၇၇)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဆောင်းပါး

မြန်မာ့တပ်မတော်သည် ပြည်သူထဲကပေါက်ဖွားလာပြီး ပြည်သူတို့နှင့်အတူ ဖွဲ့စည်းထားသည့်တစ်ခုတည်းသော ပြည်သူ့တပ်မတော်ဖြစ်သည်။ နိုင်ငံတကာတွင် နိုင်ငံတိုင်းလိုလို၌ တပ်မတော်ဖွဲ့စည်း ထားကြသည်။ မြန်မာ့တပ်မတော်သည် အဆိုပါ နိုင်ငံတကာတပ်မတော်တို့နှင့် မတူညီဘဲ  အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ကွဲပြားခြားနားသည်။ မြန်မာ့တပ်မတော်သည် ကြေးစားတပ်မတော်မဟုတ်၊ နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးကို အမြဲသယ်ပိုးလျက် နိုင်ငံတော်နှင့်ပြည်သူတို့ အရေးကြုံလာတိုင်း အသက်သွေးချွေး ပေးဆပ်ကာ အစဉ်အမြဲကာကွယ်ပေးခဲ့ကြောင်း သမိုင်းအစဉ်အလာနှင့်အညီပြဆိုသည်။

တပ်မတော်သည် လွတ်လပ်သောမြန်မာနိုင်ငံ၏သမိုင်းကြောင်းတစ်လျှောက်တွင် အဓိကကျသောအခန်း ကဏ္ဍမှ ပါဝင်ခဲ့သည်မှာ  အထင်အရှားဖြစ်သည်။ တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အစဉ်အလာသည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုမှတစ်ဆင့် သက်ဆင်းလာခြင်းဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ဇာတိမာန်ထက်သန်သော မျိုးချစ်လူငယ်များ၏ စွမ်းစွမ်းတမံ ကြိုးပမ်းချက်ဖြင့် ၁၉၄၁ ခုနှစ်ဒီဇင်ဘာ ၃၁ ရက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ပေါ်ထွန်းလာသည်။ ဖက်ဆစ်လက်အောက်တွင် ၁၉၄၂ ခုနှစ် ဇူလိုင် ၂၇ ရက်၌ ဘီအိုင်အေအစား ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ) ကိုအစားထိုးဖွဲ့စည်းသည်။ ၁၉၄၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ဘီဒီအေကို ဗမာ့တပ်မတော်ဟုအမည်ပြောင်းလဲခဲ့သည်။ ၁၉၄၅ ခုနှစ် ဇူလိုင် ၂၃ ရက်မှစ၍ ဆာရယ်ဂျီနယ်ဒေါ်မန်စမစ်၏အကြံပြုချက်များအရ ဗမာ့တပ်မတော်ကို မျိုးချစ်ဗမာ့တပ်မတော်(ပီဘီအက်ဖ်) ဟုအမည်တွင်ခဲ့သည်။

၁၉၄၅ ခုနှစ် မတ် ၂၇ ရက်တွင် ဖက်ဆစ်တော်လှန်ရေးစတင်ဆင်နွှဲချိန်တွင်ကား တပ်မတော်သည်မည်သည့် လက်အောက်ခံမှ မဟုတ်တော့ဘဲ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဆင်နွှဲခြင်းဖြစ်သည်။ ထို့ကြောင့် အမျိုးသားတပ်မတော်အသွင်ဖြင့်ရပ်တည်ပြီး ဖက်ဆစ်တို့ကို စတင်တော်လှန်သည့်မတ်လ ၂၇ ရက်အား တပ်မတော်နေ့အဖြစ် နောင်တွင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ပြည်တွင်းလက်နက်ကိုင်ဆန့်ကျင်မှုများကြောင့် အခြေအနေယိမ်းယိုင် ဆိုးရွားလာခဲ့ရသည်။ ကိုလိုနီနယ်ချဲ့စနစ်၏ သွေးခွဲအုပ်ချုပ်မှုဆိုး မွေကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲလျက်  လူမျိုးစုလက်နက်ကိုင် ဆန့်ကျင်မှုများ ပေါ်ပေါက်လာပြီး ဝါဒစွဲပြင်းထန်သောအစွန်းရောက် လက်ဝဲဝါဒီများကလည်း လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကျင့်သုံး လာခဲ့သဖြင့် တစ်ပြည်လုံး၌ စစ်မီး တောက်လောင်ခဲ့သည်။

ထိုစဉ်က နိုင်ငံရေး အင်အားစုများမှာလည်း ညီညွတ်မှုမရှိ အကွဲကွဲအပြားပြား ဖြစ်နေသည်။ လက်ဝဲအစွန်းရောက်ကွန်မြူနစ်ဝါဒီ အချင်းချင်းတွင် အလံနီ၊ အလံဖြူကွဲပြားသလို ပြည်သူ့ရဲဘော် အတွင်း၌လည်း ရဲဘော်ဖြူ၊ ရဲဘော်ဝါဟူ၍ ကွဲခဲ့သည်။ ဖဆပလ အဖွဲ့အစည်းအတွင်းတွင် ဆိုရှယ်နီနှင့် ဆိုရှယ်ဒီမိုကရက်ဟူ၍ ကွဲကြပြန်သည်။ လွတ်လပ်ရေးရပြီးစ နိုင်ငံထူထောင်ရေး လုပ်ရမည့်အစား စည်းရုံးမှုမရှိ လက်နက်စွဲကိုင် တိုက်ခိုက်မှုများကြောင့် လွတ်လပ်ရေးပြန်လည် မဆုံးရှုံးရလေအောင် တပ်မတော်ကထိန်းသိမ်း စောင့်ရှောက်ခဲ့ရသည်။

၁၉၅၀ ပြည့်နှစ်လွန်လာသော် ပြည်တွင်းလက်နက်ကိုင်ဆန့်ကျင်မှု လျော့နည်းစပြုလာသော်လည်း အာဏာရနိုင်ငံရေးပါတီအတွင်း ပဋိပက္ခများကျယ်ပြန့်စွာ ဖြစ်ပေါ်လာသည်။ ရွေးကောက်ပွဲမတရားမှုများ၊ အစုလိုက်သတ်ဖြတ်ခြိမ်းခြောက်မှုများ၊   အာဏာရပါတီ၏ ခါးပိုက်ဆောင်တပ်ဖွဲ့များ၊ တောခိုလက်နက်ကိုင်အဖွဲ့

များ၏ထိပါးမှုကိုခံရပြန်သည်။ အမျိုးသားရေးအကျိုးစီးပွားကို လျစ်လျူရှုပြီး ပုဂ္ဂိုလ်ရေးအကျိုး၊ ပါတီအဖွဲ့အစည်းအကျိုးကို ရှေးရှုခဲ့ရုံသာမက နိုင်ငံတော်၏ အမာခံအင်အားစုနှင့် အမျိုးသားရေး အင်အားစုကြီးတစ်ရပ် ဖြစ်သော တပ်မတော်ကိုပင် အားပြိုင်ကာ ထိန်းချုပ်ဖြိုခွဲရေးလမ်းစဉ်ကျင့်သုံးခဲ့ကြသည်။ ထို့ကြောင့်တပ်မတော်သည် ၁၉၅၈ ခုနှစ်တွင် ယိုယွင်းပျက်ပြားလာသော အမျိုးသားရေး အကျိုးစီးပွားကို ပြန်လည် ဖော်ဆောင်နိုင်ရေးအတွက် ဥပဒေနှင့်အညီ ဝင်ရောက်ထိန်းသိမ်းပေးခဲ့ရသည်။

တပ်မတော်က ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတစွာ ကျင်းပပေးပြီး အာဏာပြန်လည်လွှဲအပ်ပေးခဲ့သည်။ ထို့နောက်တွင် ပြည်နယ်တောင်းဆိုမှုများ၊ ခွဲထွက်ခွင့်များ၊ ဖက်ဒရယ်မူတောင်းဆိုမှုများ ပေါ်ပေါက်လာခဲ့ပြန်သည်။ ထိုအချိန်ကာလ၌ ကမ္ဘာ့နိုင်ငံရေးတွင် အရှေ့အနောက်အုပ်စုနှစ်ခု အားပြိုင်မှုကြောင့် ဗီယက်နမ်စစ်မီးလျှံသည် အရှေ့တောင်အာရှဒေသတစ်ခွင်သို့ ပျံ့နှံ့ရောက်ရှိလာသည်။ နိုင်ငံရေးပါတီများ၏ ဆောင်ရွက်ချက်မှာလည်း အဆိုပါ စစ်မီးလျှံ အတွင်းသို့ နိုင်ငံတော်ကို ဆွဲသွင်းသလို ဖြစ်ခဲ့သကဲ့သို့ ချမ်းသာသောလူနည်းစုတို့က  အမျိုးမျိုးခေါင်းပုံဖြတ်ခြယ်လှယ်လာကြသည်။  ထို့ကြောင့်  နိုင်ငံတော်၏  ဦးတည်

ချက်လမ်းကြောင်းသွေဖည်ပြီး  တိုင်းပြည်ပြိုကွဲမည့် အန္တရာယ်ကို ရင်ဆိုင်ခဲ့ရသဖြင့် ၁၉၆၂ ခုနှစ်တွင် တပ်မတော်သည် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ဝင်ရောက်ထိန်းသိမ်းပေးခဲ့ရပြန်သည်။

တပ်မတော်အနေဖြင့် တော်လှန်ရေးကောင်စီဖွဲ့စည်းကာ နိုင်ငံတော်၏ အရေးအရာ ကိစ္စအရပ်ရပ်ကို စီမံဆောင်ရွက်ခဲ့ရာမှ ၁၉၇၄ ခုနှစ်တွင် ပြည်သူတို့က ရွေးကောက်တင်မြှောက်ခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များထံ အာဏာပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့သည်။ ၁၉၈၈ ခုနှစ်သို့ရောက်သောအခါ နိုင်ငံရေးအခြေအနေပြောင်းလဲ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် မြန်မာ့သမိုင်း၌ အကြီးမားဆုံးသော အရေးအခင်းကြီး ဖြစ်ပေါ်လျက် အရေးအခင်းကာလအတွင်း အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကြီးတစ်ခုလုံး ယိုယွင်းပျက်ပြားကာ မင်းမဲ့စရိုက်လွှမ်းမိုးလာခဲ့ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုင်စိုးမှုကိုပင် အန္တရာယ်ရှိလာသည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့တော့သည်။

ထိုကဲ့သို့အခြေအနေဆိုးရွားမှုများကြောင့် တပ်မတော်အနေဖြင့်  မလွှဲမရှောင်သာတော့ဘဲ  နိုင်ငံတော် အန္တရာယ်မကျရောက်မီ လက်မတင်ကာလ၌ အချိန်မီကယ်တင်ထိန်းသိမ်းခဲ့ရပြန်သည်။ တပ်မတော်သည် လွတ်လပ်ရေးမရရှိမီ လွတ်လပ်ရေးကြိုးပမ်းမှုကာလတစ်လျှောက်လုံးတွင် လည်းကောင်း၊ ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ ပြည်တွင်းလက်နက်ကိုင် ဆန့်ကျင်မှုနှိမ်နင်းခြင်းနှင့် ပြည်ပကူမင်တန်ကျူးကျော်ရန်အား ကာကွယ်ခြင်း၌လည်းကောင်း၊ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရအဖြစ်တာဝန်ယူရာတွင်လည်းကောင်း၊ ၁၉၆၂ ခုနှစ်

တော်လှန်ရေးကောင်စီအစိုးရ လက်ထက်တွင်လည်းကောင်း ထိုကာလများနှင့်လိုက်လျောညီထွေသည့် သဘောတရားရေး ခံယူချက်များချမှတ်ပြီး နိုင်ငံတော်နှင့်ပြည်သူအကျိုးကို ဦးထိပ်ထားလျက်ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းသို့ ရောက်လာသောအခါ တပ်မတော်၏ သဘောတရားရေးခံယူချက် သို့မဟုတ် တပ်မတော်၏ အမျိုးသားရေးဆိုင်ရာမူဝါဒမှာ နိုင်ငံတော်အတွက် အသက်တမျှ အရေးပါလှသည့် အမျိုးသားရေး အကျိုးစီးပွားဖြစ်သော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့်  ဒို့တာဝန်အရေးသုံးပါးပင်ဖြစ်သည်။

ထို့နောက် ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ထွက်လာသည့်အခါ  တပ်မတော်သည် အမျိုးသားနိုင်ငံရေးကို  အခြေခံဥပဒေနှင့်အညီ ပါဝင်ထမ်းရွက်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် တပ်မတော်အစိုးရက လွတ်လပ်ပြီး တရားမျှတသောပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်ကာ အနိုင်ရပြည်သူ့ကိုယ်စားလှယ်များသို့ နိုင်ငံတော်အာဏာအရပ်ရပ်ကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။ ၂၀၁၀

ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများမှာ  လွတ်လပ်၍  တရားမျှတမှု ရှိခဲ့သော်လည်း ၂၀၂၀  ပြည့်နှစ် နိုဝင်ဘာ ရက်တွင် ကျင်းပပြုလုပ်သော အထွေထွေရွေးကောက်ပွဲတွင်မူ မဲမသမာမှုများရှိနေကြောင်း တပ်မတော်က စစ်ဆေးတွေ့ရှိခဲ့သည်။

တပ်မတော်သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့ကို ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိသည်။၂၀၀၈ ခုနှစ်နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို   ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်။ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိသည်။ ထိုသို့ကာကွယ်စောင့်ရှောက်ခြင်းသည်ပင်လျှင် အမျိုးသားနိုင်ငံရေး ထမ်းဆောင်မှုဖြစ်သဖြင့် တာဝန်ရှိသည်နှင့်အညီ မဲမသမာမှုများကို စာရင်းဇယားများထုတ်ပြန်ခြင်း အကြိမ် ၃၀၊ သဘောထားထုတ်ပြန်ခြင်း ကြိမ်ပြုကာ ပွင့်လင်းမြင်သာစွာချပြခဲ့သည်။ ထို့အတူ နိုင်ငံရေးပါတီ ၂၀ မှကြေညာချက် ၂၆ စောင်ထုတ်ပြန်၍ မဲမသမာမှုပြုနိုင်သည့် စာရင်းများ ရှင်းလင်းမှုမပြီးမချင်း တတိယအကြိမ်လွှတ်တော်ကို ဆိုင်းငံ့ထားရန်တောင်းဆိုခြင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့်   နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်  ၂၀၃  ဦးတို့က အခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးခေါ်ယူရန်တင်ပြခြင်း၊  အရပ်ဘက်၊ စစ်ဘက်အားလုံးကို  ကိုယ်စားပြုသောအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူပေးရန် တင်ပြခဲ့ခြင်းတို့ ပြုခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် လွှတ်တော်အသီးသီးခေါ်ယူလျက် အစိုးရဖွဲ့ရန် တစ်နည်းဆိုသော် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခဲ့သည်။

ထို့ကြောင့် တပ်မတော်သည် (၂၀၀၈)ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်တွင်နိုင်ငံတော်၏အာဏာအရပ်ရပ်ကို လက်ခံဆောင်ရွက်ရင်း အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်မှုပြုခဲ့ရပြန်သည်။ ထို့နောက် နိုင်ငံတော်ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ် () ရပ်နှင့် ဦးတည်ချက် () ရပ်ချမှတ်ကာ နိုင်ငံတော်အား  ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်ရောက်အောင်ထိန်းကျောင်းပေးလျက်ရှိသည်။

တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှစ၍ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကိုသာ အစဉ်အမြဲ ဦးထိပ်ထားလျက်  လိုအပ်ချိန်တိုင်းတွင် အစဉ်အမြဲ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။

အချုပ်အားဖြင့်ဆိုရသော် တပ်မတော်သည် အမျိုးသား အကျိုးစီးပွားကိုရှေးရှုသော   အမျိုးသားနိုင်ငံရေး အင်အားစုကြီးအဖြစ် ဆက်လက်ရပ်တည်လျက် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို အတိမ်းအစောင်းမရှိအောင် ထိန်းကျောင်းပေးနေမည်သာ ဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။  

လင်းအရုဏ်ဉီး(ပဲခူး)