(၇၇)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်လာကြသူများ၏စကားသံများ

နေပြည်တော် မတ် ၂၇

မြန်မာနိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ သန္ဓေတည်ပေါက်ဖွားလာပြီး သစ္စာ ()ချက်နှင့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ရင်း နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် မြန်မာ့တပ်မတော်ကြီးသည် (၇၇)နှစ်သို့ပင်ရောက်ရှိခဲ့ပြီဖြစ်သည်။ အဆိုပါ (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို နေပြည်တော်ရှိ စစ်ရေးပြ ကွင်းကြီး၌ ကျင်းပရာ အခမ်းအနားသို့တက်ရောက်လာကြသူများ၏စကားသံများကို ဖော်ပြလိုက်ရပါသည်-

ဗိုလ်ကြီးဇော်ဝင်း(ငြိမ်း)၊ စစ်မှုထမ်းဟောင်းအဖွဲ့ အတွင်းရေးမှူး၊ တပ်ကုန်းမြို့နယ်

တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို စစ်မှုထမ်းဟောင်း တစ်ယောက်အနေနဲ့ တက်ရောက်ခွင့်ရတဲ့အတွက် အရမ်းပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ တစ်နှစ်ထက် တစ်နှစ် တပ်မတော်ကြီးက ပိုမိုတိုးတက်လာတယ်လို့ မြင်မိပါတယ်။ စစ်လက်နက်တွေ၊ အုပ်ချုပ်မှုစနစ်တွေ ပိုပြီးကောင်းမွန်လာတယ်လို့မြင်ပါတယ်။ ကျွန်တော်တို့ စစ်မှုထမ်းဟောင်း တွေဆိုတာ တပ်မတော်ရဲ့ အရန်အင်အားအနေနဲ့ လိုအပ်လာရင် ပြန်လည်တာဝန် ထမ်းဆောင်ရမှာပါ။ ပြည်သူတစ်ဦးအနေနဲ့ဆိုရင် တပ်မတော်နေ့အခမ်းအနားမှာ တပ်မတော်ရဲ့ခေတ်မီလက်နက်

တွေ၊ စည်းလုံးညီညွတ်မှုတွေကို ကမ္ဘာကိုပြသတဲ့ပွဲဖြစ်ပါတယ်။ ကမ္ဘာမှာ ကျွန်တော်တို့ရဲ့ ကာကွယ်ရေး စွမ်းရည်ကို ဂုဏ်ယူဝင့်ကြွားစွာ ပြသနိုင်တဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ဖရိုဖရဲဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေရယ်၊    နိုင်ငံတော်ကြီး ခေတ်သစ်ကိုလိုနီဖြစ်တော့မယ့် အခြေအနေကို ဝင်ရောက်ထိန်းသိမ်း ပေးပြီး ကယ်တင်လိုက်တယ်လို့ယူဆပါတယ်။ တပ်မတော်ကြီး ခေတ်မီတိုးတက်ပြီး  နိုင်ငံတော်ကို ဒီထက် ပိုမိုကာကွယ်နိုင်တဲ့ တပ်မတော်ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

https://www.myawady.net.mm/sites/default/files/28322w4.jpg

ဦးအိုက်စံ၊ နမ့်ခမ်းမြို့မပြည်သူ့စစ်ဌာနေအဖွဲ့၊ ဥက္ကဋ္ဌ

အခုလို တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို တက်ရောက်ခွင့်ရတဲ့အတွက် အင်မတန် ဝမ်းသာဂုဏ်ယူစရာကောင်းပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်တာက အောင်မြင်မှုရှိပါတယ်။ အခုလို စည်းစည်းလုံးလုံးနဲ့တွေ့ရတာ တော်တော်ဝမ်းသာစရာ ကောင်းပါတယ်။ တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေက မှန်ကန်ပြီး ထောက်ခံပါတယ်။

https://www.myawady.net.mm/sites/default/files/28322w.jpg

ရဲအုပ်စုစုဇော်(ဇာမဏီ)

(စစ်သည်တေးသီချင်း)  

ကျွန်မက   ရဲအုပ်စုစုဇော်ဖြစ်ပြီး ကလောင်ရှင်အမည်က ဇာမဏီဖြစ်ပါတယ်။ စစ်သည်တေးသီချင်းမှာ ပြည်တော်သာဖို့ လမ်းခင်းပေးထားမယ် တေးသီချင်းဖြင့် ပထမဆုကို ရရှိခဲ့ပါတယ်။ သီချင်းရေးရတဲ့ ရည်ရွယ်ချက်ကတော့ စွမ်းရည်သုံးရပ် ထက်မြက်ပြီး အစဉ်အလာကောင်း ၁၂ ရပ်နဲ့ပြည့်စုံတဲ့ တပ်မတော်ရဲ့ ဂုဏ်ဒြပ်များကို လေးစားလို့၊ တိုင်းပြည်နှင့်လူမျိုးအတွက် မရှိမဖြစ်လိုအပ်တဲ့ အမျိုးသားရေးတာဝန် ကိုထမ်းရွက်နေကြသော ရှေ့တန်းရောက် တပ်မတော်သားများရဲ့နေရာမှနေပြီး ခံစား ရေးဖွဲ့ထားပါတယ်။ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားနေတဲ့ကာလမှာ တစ်မျိုးသားလုံး ကာကွယ်ဆေး ထိုးနိုင်ရေးအတွက် မူဝါဒများ စနစ်တကျချမှတ်ပြီး နိုင်ငံ၏အနာဂတ်ရင်သွေး လူငယ်မောင်မယ်များကို ပညာရေးမှာအရှိန်အဟုန်မပြတ် ဆက်လက်သင်ကြားပြီး အခြားကဏ္ဍများမှာလည်း တိုးတက်အောင်   အရှိန်အဟုန်မပြတ်ဆောင်ရွက်နေတဲ့ အချိန်အခါဖြစ်တဲ့အတွက် ဒီသီချင်းကို ပြည်တော်သာဖို့ လမ်းခင်းပေးထားမယ် ဆိုတဲ့နာမည်ပေးဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့တွင် နိုင်ငံတော်တာဝန်ကို တပ်မတော်ကထိန်းသိမ်းချိန်က စတင်ပြီး တပ်မတော်ရဲ့ အဓိကတာဝန်ဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးအပြင် လွတ်လပ်ပြီးတရားမျှတတဲ့ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ် ပေါ်ထွက်လာဖို့ မူဝါဒလမ်းစဉ် ()ရပ်ချမှတ်ပြီး စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့  တပ်မတော်ရဲ့ဂုဏ်ဒြပ်တွေကို ဂုဏ်ယူလေးစားပါတယ်။ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ လျော်ညီအောင် ဒီတေးသီချင်းလေးရဲ့ခေါင်းစဉ်ကို ရွေးချယ်သီကုံးခဲ့တာဖြစ်ပါတယ်။ နိုင်ငံ့အကြီးအကဲတွေ အနေနဲ့ အခုလိုမျိုးကြီး ကျယ်ခမ်းနားတဲ့ ပြိုင်ပွဲကြီးတွေကို နှစ်စဉ်ကျင်းပပေးပြီး ဆုတွေကိုလည်း ထိုက်ထိုက်တန်တန်ချီးမြှင့် ပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အရင်ကတည်းကလည်း မျိုးချစ်စိတ်ရှိပြီး သားဖြစ်ပါတယ်။ တီဗွီထဲမှာပဲတွေ့ခဲ့ရတဲ့ အခမ်းအနားကြီးကို တက်ရောက်ခွင့်ရတဲ့ အတွက်လည်း အရမ်းဝမ်းသာပါတယ်။ တပ်မတော်အကြီးအကဲတွေရဲ့ စေတနာကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ (၇၄)နှစ်မြောက်  တပ်မတော်နေ့အခမ်းအနားမှာ တစ်ကြိမ်၊ (၇၆)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမှာ ဒုတိယဆုနဲ့အခု (၇၇)နှစ်မြောက် တပ်မတော်နေ့မှာ  ပထမဆုရရှိခဲ့ပါတယ်။ ဒုတိယတန်းကစပြီး စာစီစာကုံး များ၊ ဆောင်းပါးများကို ၁၀ တန်းအထိ ရေးခဲ့ပါတယ်။  ကျွန်မကိုယ်တိုင်ကလည်း တပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်သည်နှင့်အညီ ပြိုင်ပွဲများကို ဆက်လက် ပါဝင်ယှဉ်ပြိုင်ပါမယ်။ မိမိကိုယ်တိုင်လည်း ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်   ကြိုးစား သွားမယ်လို့ သန္နိဋ္ဌာန်ချထားပါတယ်။

https://www.myawady.net.mm/sites/default/files/28322w6.jpg

ဒုတိယအရာခံဗိုလ်သက်ဝင်းလှိုင်

ကျွန်တော်က တပ်မတော်ဂုဏ်ပြုတပ်ခွဲနှင့် စစ်တီးဝိုင်းတပ်က ဖြစ်ပါတယ်။ ကျွန်တော်ရရှိခဲ့တဲ့ဆုကတော့ စစ်ချီတေးသီချင်း ပထမဆုရရှိခဲ့တာဖြစ်ပါတယ်။ သီချင်းနာမည်ကတော့ မော်ကွန်းထိုးခဲ့ ဒို့တပ်မတော် ဖြစ်ပါတယ်။  ကျွန်တော်တို့တပ်မတော်ခေတ် အဆက်ဆက်   ဆောင်ရွက်ခဲ့တဲ့အပေါ် မူတည်ပြီး မော်ကွန်းထိုးခဲ့တဲ့ လုပ်ငန်းတွေ ပေါ်မူတည်ပြီး နာမည်လေးပေးဖြစ်ခဲ့တာပါ။ ကျွန်တော်ရဲ့အမြင်ကတော့ ကျွန်တော်တို့ အမိမြန်မာနိုင်ငံတော်ရဲ့သွားနေတဲ့ လမ်းကြောင်းသွေဖည်မသွားအောင် တပ်မတော်က အာဏာထိန်းသိမ်း ခဲ့တယ်လို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော်တို့တတ်နိုင်သမျှ ပြန်ပြီးဆွဲခေါ်သွားဖို့ရှိတယ်။ ကျွန်တော်တို့တပ်မတော်သား ဖြစ်ပေမယ့် ကျွန်တော်တို့ရဲ့ မိသားစု၊ ဆွေမျိုးအသိုင်းအဝိုင်းကအစ တပ်မတော်ရဲ့ ဆောင်ရွက်နေတဲ့လုပ်ငန်းတွေ နိုင်ငံတော်အပေါ်ဘယ်လောက်အကျိုးရှိတယ်ဆိုတာ    ပြောမပြတတ်အောင် ကျွန်တော်ရဲ့ တတ်စွမ်းတဲ့စာပေပညာ၊ အနုပညာနဲ့ဆွဲခေါ်သွားမှာပါ။ ကျွန်တော်တို့ ငယ်ငယ်က ဆရာကြီးတွေ၊ ဗိုလ်ကြီးတွေ စစ်ချီသီချင်းတွေဝင်ပြိုင်ခဲ့တာကို အားကျခဲ့ တာပါ။ ကျွန်တော်ကိုယ်တိုင်ရတယ်ဆိုတော့ ပိုပြီးဝမ်းသာမိပါတယ်။ အနာဂတ်မှာ ဒီထက်ပိုပြီးကြိုးစားမှုတွေနဲ့ နိုင်ငံတော်အပေါ်အကျိုးပြုမယ့် တေးသီချင်းတွေ နဲ့စာသားတွေယှဉ်ပြိုင်ပြီး ကြိုးစားသွားမှာပါ။ ကျွန်တော် တပ်မတော်ကနေ အနားယူဖို့ ဆယ်နှစ်ကျော်ကျန်ပါသေးတယ်။ အနားမယူခင်နဲ့ အနားယူပြီးတိုင်အောင် တပ်မတော် အပေါ်အကျိုးပြုအောင် တတ်စွမ်းသမျှဆောင်ရွက်သွားမယ်လို့ ရည်မှန်းထားပါတယ်ခင်ဗျ။

https://www.myawady.net.mm/sites/default/files/28322w5.jpg

တပ်ကြပ်ကြီးမောင်မောင်လွင်(စာရေးဆရာ)

ကျွန်တော့် ကလောင်အမည်က မောင်မောင်လွင်(ရွှေဘိုသား) ဖြစ်ပါတယ်။ ကျွန်တော်က (၇၇)နှစ်မြောက် တပ်မတော်နေ့မှာ ဝတ္ထုရှည် ဒုတိယဆုရပါတယ်။ ခေါင်းစဉ်ကတော့ စူးနစ်နေသောဆူးတစ်ချောင်း၏ အဖြူရောင်

ပုစ္ဆာဖြစ်ပါတယ်။ ကျွန်တော့် ဘဝဖြစ်စဉ်ကို နည်းနည်းပြောပြပါ့မယ်။ ကျွန်တော်က ရဲဘော်နဲ့သုံးနှစ်၊ တပ်ကြပ်ကြီး(စာရေး)နဲ့ နှစ် ၂၀ ခန့်နေခဲ့ပါတယ်။ ကျွန်တော့်ရဲ့ကိုယ်တွေ့ဖြစ်စဉ်ကို ရေးသားခဲ့ပါတယ်။ စစ်မှုထမ်းဟောင်းတစ်ယောက်ရဲ့စစ်မြေပြင်မှာ တွေ့ကြုံခဲ့ရတဲ့ ခံစားချက်လေးက စိတ်ထဲမှာ စွဲနေတာကိုခံစားချက်နဲ့ရေးသားလိုက်တာပါ။ အခုလိုဆုချီးမြှင့်တဲ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့  တာဝန်ရှိသူ အဆင့်ဆင့်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီဆုရရှိခဲ့တဲ့အတွက်လည်း  ဂုဏ်ယူမိပါတယ်။ ကျွန်တော်က တပ်မတော်စာရေးဆရာလည်းဖြစ်တယ်။ သေနတ်လည်းကိုင် ကလောင်လည်းဆွဲတဲ့ စစ်သားတစ်ယောက်ဖြစ်တဲ့အတွက် နိုင်ငံ့အကျိုးပြည်သူ့အကျိုးကို အများကြီးထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

https://www.myawady.net.mm/sites/default/files/28322w3.jpg

ဒေါ်မြင့်မြင့်သိန်း

(ကလောင်ရှင် တက္ကသိုလ်မြမဉ္ဇူ

စီးဆင်းရစ်လေဦးကစ္ဆပနဒီ ဝတ္ထုတိုဖြင့် ပထမဆုရရှိပါတယ်။ ဝတ္ထု၏ဇာတ်လမ်း အကျဉ်းက တပ်မတော်ကိုချစ်တာ စစ်သားတင်မဟုတ်ဘဲ စစ်သား၏ဇနီးမယားကပါ တပ်မတော်အပေါ်ချစ်မြတ်နိုးပြီး နိုင်ငံတော်အတွက် အသက်ပေးပြီး ချစ်တဲ့အကြောင်းကို အဓိက မက်ဆေ့ပေးပြီး  ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။  ဝတ္ထုထဲမှာ  မင်းသမီးက မင်္ဂလာဆောင်ပြီး တပ်ထဲစရောက်တဲ့အချိန် ရောက်တဲ့နေ့မှာပဲ တိုက်ပွဲဖြစ်ပွားတယ်။ တိုက်ပွဲဖြစ်တဲ့ အချိန်တပ်မှာ သူနှင့်မဆိုင်ဘူးဆိုပြီး မနေဘဲနဲ့ သူမကဖောင်ကြီးမှာ သင်တန်းဆင်းထားပြီးသား ဖြစ်တဲ့အတွက် ရဲဘော်များနှင့်အတူ နိုင်ငံတော်ကို ကာကွယ်တဲ့ အကြောင်းကို  ရေးသားထားပါတယ်။

စစ်တပ်ထဲမှာ စစ်သား၏ဇနီးပါရမီဖြည့်ဖက် များကလည်း တချို့ကအရပ်သားနှင့် စစ်သားမိသားစုများ ပါဝင်တယ်။ အရပ်သားများဖြစ်သော်လည်း မိမိတို့တတ်နိုင်သလောက် နိုင်ငံတော်ကို ချစ်မြတ်နိုးပြီး ကာကွယ်တာလည်း ရေးထားပါတယ်။   ဒီဆုနဲ့ဆိုရင် တတိယအကြိမ်မြောက် ရရှိတဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။  (၇၇)နှစ်မြောက် တပ်မတော်နေ့ကို တက်ရောက်ပြီး ဆုယူရတဲ့အတွက် ပျော်ပြီးပြောမပြတတ်အောင် ဝမ်းသာပါတယ်။  တပ်မတော်အင်အားရှိမှ၊ တိုင်းပြည်အင်အားရှိတယ်လို့ ကျွန်မတို့က ခံယူထားတဲ့အတွက် ကြက်သီးမွေးညင်းများထပြီး    တပ်မတော်ရဲ့ခေတ်မီတဲ့လက်နက်များ၊ အင်အားများကိုတွေ့ရတဲ့ အတွက်  ဗဟုသုတများကိုလည်း ရရှိစေပါတယ်။ ကျွန်မကရှေ့နေလုပ်တဲ့အတွက် အင်းစိန်ထောင်ထဲမှာ ဆန္ဒပြတဲ့ကလေးများ၊ အုပ်ချုပ်ရေးမှူးတို့ သတ်ခံရတဲ့အမှုများ၊ သေဒဏ်ကျတဲ့ ကလေးများ၏ အမှုများကို လိုက်ပေးရပါတယ်။  ကလေးတွေရဲ့စိတ်ထဲမှာ မုန်းတီးတာမရှိကြဘူး။ လျှပ်တစ်ပြက်ခဏ ဆွဲဆောင်မှုမှာ စိတ်များယိမ်းယိုင်ပြီး မှားသွားကြတယ်။ အဲဒီအမှားက ဘယ်လောက်ကြီးသွားမှန်း သူတို့မသိကြဘူး။ ပတ်ဝန်းကျင်လှုပ်ခတ်မှုက ယခင်ဖြစ်ခါစထက် အခုတော့ လျော့ကျသွားပြီဖြစ်ပါတယ်။    လူငယ်လူရွယ်များ နှမြောဖို့  တော်တော်ကောင်းပါတယ်။ ဒါကြောင့်  အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် သတင်းမီဒီယာကောင်စီက ကျောင်းတွေသွားပြီး တန်း၊ တန်း၊ ၁၀ တန်း ကျောင်းသားများကို    လူငယ်ရေးရာအသိပညာဟောပြောပွဲများ ဟောပြောပေးပါတယ်။ သတင်းမှား၊ သတင်းမှန်များကို ခွဲခွဲခြားခြားသိရှိအောင်  သတင်းမှားဆိုရင် ဘယ်လိုဆိုးကျိုးရှိတယ်။ သတင်းမှန်က ဘယ်လိုပညာပေးတယ်ဆိုတာကို သတင်းမီဒီယာကောင်စီက လိုက်ပြီးဟောပြောပေးပါတယ်။  တပ်မတော်သားများကိုချစ်တဲ့အတွက် တပ်မတော်ကလမ်းမှန်ကို တည့်မတ်အောင် လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် တပ်မတော်နှင့် တိုင်းရင်းသားပြည်သူများ အားလုံး လက်တွဲပူးပေါင်းပြီး လုပ်ဆောင်လျှင် အောင်မြင်မယ်လို့ယုံကြည်ပါတယ်။ အနာဂတ်မျိုးဆက်သစ်လူငယ်များကိုလည်းလမ်းမှားမရောက်အောင်  နိုင်ငံအတွက် သားသမီးလိမ္မာများဖြစ်ပြီး အုတ်တစ်ချပ်သဲတစ်ပွင့်ဖြစ်အောင် တတ်နိုင်သမျှ ကြိုးစားပြီး ကျွန်မလုပ်ဆောင်မယ်လို့ ဆုံးဖြတ်ထားပါတယ်။

https://www.myawady.net.mm/sites/default/files/28322w1.jpg

မသူသူလှိုင်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ရခိုင်ပြည်နယ်

ကျွန်မက ရခိုင်ပြည်နယ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ကိုယ်စားပြု အနေနဲ့တက်ရောက်ခြင်း ဖြစ်ပါတယ်။ ကျွန်မတို့တက္ကသိုလ်ဟာ တိုင်းရင်းသားဖွံ့ဖြိုးရေးကို အဓိကအလေးထားပြီး ပညာသင်ကြားတာ၊ ဖွံ့ဖြိုးရေးဘာသာတွေကိုလည်း သင်ကြားတာဖြစ်ပါတယ်။ တိုင်းရင်းသားစည်းလုံးရေးကို ဦးစားပေးတဲ့အတွက်ကြောင့် ကောင်းမွန်တဲ့ တက္ကသိုလ်ကြီးဖြစ်ပါတယ်။ တပ်မတော်နေ့အခမ်းအနားကို ပထမဦးဆုံး တက်ရောက်ခွင့်ရခဲ့တဲ့အတွက် အခမ်းအနားကြီးကို ခမ်းခမ်းနားနားတွေ့မြင်ရပြီး စီစီညာညာလှုပ်ရှားမှုတွေကိုတွေ့ရတဲ့အတွက် အထင်ကြီးလေးစားမိပါတယ်။ တပ်မတော်ကြီးကို ကျွန်မတို့နဲ့တစ်သွေးတည်း၊ တစ်သားတည်းလို့မြင်မိပါတယ်။   အစစအရာရာကို စနစ်တကျလုပ်ဆောင်ရကာ နိုင်ငံအတွက် အလေးထားပြီး အကျိုးရှိစေရန်အတွက်  ကြိုးစားလုပ်ဆောင်ပေးနေတာကို မြင်ရတဲ့အတွက် အရမ်းကိုလေးစားရသလို ကျေးဇူးလည်း အရမ်းတင်ပါတယ်။ ဖြည့်စွက်ပြောချင်တာက ကျွန်မတို့ တက္ကသိုလ်အတွက် ကိုယ်စားတက်ရောက်ရပြီး ကျွန်မကိုဖိတ်ခေါ်ပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ်များကို အရမ်းကို ကျေးဇူးတင်ပါတယ်။

ကျွန်မတို့ တက္ကသိုလ်အနေနဲ့လည်း မြန်မာနိုင်ငံကြီးတိုးတက်ဖို့အတွက်   အစစအရာရာကို ကြိုးစားထမ်းဆောင်သွားမယ့်အကြောင်း ပြောချင်ပါတယ်။

လင်းဉီးသိင်္ဂီထွဏ်း(နေပြည်တော်)