အပူလောင်ခြင်းများ နေအပူ၊ အခြောက်အပူလောင်ခြင်း၊ လျှပ်စစ်ဓာတ်လိုက်ခြင်း၊ မိုးကြိုးပစ်ခံရခြင်း၊ လျင်မြန်စွာလည်လျက်ရှိတဲ့ ဘီး သို့မဟုတ် လျင်မြန်စွာရွေ့လျားနေတဲ့ ကြိုးတို့ကို ပွတ်တိုက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့အပူပွတ်တိုက်အပူဖြစ်တယ်။ လောင်စေတတ်တဲ့ဓာတုပစ္စည်းများ ဥပမာ- ငရဲမီး သို့မဟုတ် အက်စစ်များ ကော့စတင်ဆိုဒါ ဇဝက်သာရည်ထုံးတဲ့ အယ်ကာလီများ ပါဝင်ပါတယ်။
အရည်ပူလောင်ခြင်းဆိုတာ ရေနွေး၊ ရေနွေးငွေ့၊ ဆီပူ၊ ကတ္တရာစေးအပူ စတာတွေကြောင့် ဖြစ်ပေါ်လာတဲ့ အပူရည်လောင်ခြင်းတို့ကိုခေါ်တယ်။ အပူလောင်ခြင်း သို့မဟုတ် အရည်ပူလောင်ခြင်းတို့ကြောင့် ခံစားရတဲ့ ဝေဒနာတို့မှာ တူညီကြတယ်။
အရေပြားနီခြင်း၊ အရေပြားနဲ့အရေပြားအောက်ရှိ ဆဲလ်များကို ပျက်စီးစေခြင်းများ ဖြစ်တတ်တယ်။ အလွန်နာကျင်ကာ ခံရခက်လှတယ်။
မခံမရပ်နိုင်အောင် နာကျင်ခြင်းနဲ့ လောင်ကျွမ်းနေတဲ့နေရာမှာ ပလာစမာ (ဏူေျာေ) သွေးရည်ကြည်ဆုံးရှုံးမှုကြောင့် ထိတ်လန့်ခြင်းဝေဒနာပြင်းထန်စွာ ခံရတတ်တယ်။ ရောဂါပိုးမွှားများ ဝင်ရောက်လို့လည်း ဒုက္ခပေးနိုင်တယ်။ အပူလောင်ခံတဲ့ နေရာတွေမှာ အခိုက်အတန့်အနေနဲ့ ပိုးမွှားများ လောင်ကျွမ်းသေဆုံးသွားလို့ ပိုးမွှားများကင်းစင်နေတယ်။ ဆေးအကူအညီရချိန်အထိ အဆိုပါနေရာကို ပိုးမွှားကင်းစင်ပါက ဒဏ်ရာများ အမြန်ပျောက်နိုင်ပါတယ်။ အပူလောင်ခြင်းရဲ့ အန္တရာယ်ဟာ လောင်ကျွမ်းတဲ့နေရာရဲ့ မျက်နှာပြင် အကျယ်အဝန်းကိုလိုက်ကာ ကြီးမားနေတယ်။
တစ်ကိုယ်လုံးရှိ အရေပြားရဲ့ သုံးပုံတစ်ပုံ သို့မဟုတ် သုံးပုံတစ်ပုံထက်ပိုပြီး ဖြစ်ပေါ်လာပါက လူနာဟာ စိုးရိမ်ဖွယ်ကောင်းအောင် ဖျားနေတယ်။ ကလေးသူငယ်နဲ့ နို့စို့ကလေးငယ်တွေမှာ အပူလောင်ရင် ပိုပြီးဆိုးဝါးတယ်။ ကလေးတွေ အပူလောင်၊ မီးပူလောင်၊ ရေနွေးပူလောင်ရင် မပေါ့ဆသင့်ဘူး။
အပူလောင်ခြင်းကို ပြုစုရာမှာ လိုက်နာရမယ့်အချက်များရှိတယ်။ (၁) လိုအပ်တာထက်ပိုပြီး ဒဏ်ရာရတဲ့နေရာကို ကိုင်တွယ်ခြင်း ရှောင်ရှားသင့်တယ်။ လက်များကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောသင့်ပါတယ်။ ဘယ်ဆေးရည်မှ မလိမ်းသင့်ဘူး။ လောင်ကျွမ်းတဲ့အဝတ်များ မဖယ်ရှားသင့်သေးဘူး။ မီးလောင်ဖုများ မဖောက်
သင့်ဘူး။ လောင်ကျွမ်းတဲ့နေရာ၊ လောင်ကျွမ်းနေတဲ့အဝတ်တွေပါ ပိုးမွှားကင်းစင်အောင် ပြုပြင်ထားတဲ့ ဆေးအဝတ်ခြောက် သို့မဟုတ် သန့်ရှင်းစင်ကြယ် ပိုးသတ်ထားတဲ့ ဂွမ်းပိတ်စ သို့မဟုတ် ပိတ်စ၊ ဆိုဖလာတူးဖုံးအုပ်ကာ ပတ်တီးချောင်ချောင်စည်းထားနိုင်တယ်။ မီးလောင်ဖုများရှိခဲ့ရင်၊ ရှိလိမ့်မယ်ထင်ရင် ပတ်တီးလျော့လျော့စည်းပေးသင့်တယ်။ ပက်တီးကို ခိုင်မြဲစွာစည်းပေးသင့်/မသင့် စဉ်းစားသင့်တယ်။ ဒဏ်ရာရရှိတဲ့နေရာကို မလှုပ်ရှားနိုင်အောင် သင့်လျော်တဲ့နည်းနဲ့ ပြုလုပ်ထားသင့်ပါတယ်။ မလှုပ်ရှားသင့်ပါ။ ထိတ်လန့်မေ့လျော့ခြင်းကို ကာကွယ်သင့်ပါတယ်။ ဒဏ်ရာကြီးပါက ဖြစ်နိုင်တဲ့နည်းလမ်းနဲ့ ဆေးရုံကို အမြန်ဆုံးပို့သင့်တယ်။ လူနာကို မေ့ဆေးပေးဖို့ လိုကောင်းလိုမှာဖြစ်လို့ ဘာအစာမှ မကျွေးသင့်ပါဘူး။ ဆေးအကူအညီ အနည်းဆုံး လေးနာရီ နှောင့်နှေးကြန့်ကြာနေမယ်ဆိုရင် ရေဖန်ခွက်နှစ်ခွက်မှာ ဆားလက်ဖက် ဇွန်းနှစ်ဇွန်းခန့်နဲ့ ဆိုဒီယမ်ဘိုင်ကာဗွန်နိတ် လက်ဖက်ဇွန်းတစ်ဇွန်းခန့် ထည့်ထားတဲ့ ရေသို့မဟုတ် ဓာတ်ဆားရည်ကို တိုက်နိုင်ပါတယ်။ ဒဏ်ရာသေးငယ်ရင်၊ နွေးတဲ့အရည် ဥပမာ- လက်ဖက်ရည် ပေါ့ပေါ့သကြားနဲ့ ဖျော်တိုက်နိုင်တယ်။ မျက်နှာမှာ လောင်ကျွမ်းရင် သန့်ရှင်းအောင်ထားသင့်ပါတယ်။ ဘယ်အရာမှ မဖုံးအုပ်သင့်ပါဘူး။
ဆားအက်စစ်ကြောင့် အပူလောင်ဒဏ်ရာပြုခြင်း၊ ဓာတုဆေးဝါးကြောင့် အပူလောင်ခြင်းမှာ အချိန်ကိုလုပြီး ကုသပါမှ သက်သာနိုင်တယ်။ ဓာတ်တစ်ခုခုကြောင့် အပူလောင်ရင် ချက်ချင်းကုသသင့်တယ်။ ဘာမှမလုပ်နိုင်ရင် ရေသန့် ရှိရင်နိုင်နိုင်ဆေးပေးရမယ်၊ အပူလောင်တဲ့နေရာကို ရေများများလောင်းပေးရမယ်၊ ရေနွေးနွေး ဖန်ခွက်ထဲကို အဝတ်လျှော် ဆော်ဒါဆိုဒီယမ်ကာဗွန်နိတ် သို့မဟုတ် မုန့်ဖုတ်ဆော်ဒါ ဆိုဒီယမ်ဘိုင်ကာဗွန်နိတ် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခန့် ထည့်ထားတဲ့ အယ်ကာလီအရည်နဲ့လောင်းကာ ဆေးကြောသင့်ပါတယ်၊ အခြားအပူလောင်ခြင်းများကို ထိုပြုစုနည်းအတိုင်းပြုစုနိုင်တယ်။ ငရဲမီး စိုနေတဲ့အဝတ်အစားများကို ဖယ်ရှားပေးရမယ်။ အဆိုပါအဝတ်တွေက ပြုစုသူကို အပူလောင်စေနိုင်လို့ သတိပြု ကာကွယ်သင့်ပါတယ်။
အယ်ကာလီ (Alkali) အပူလောင်ရင် မဖောက်ထုံး အပူလောင်ပါက လောင်တဲ့နေရာမှ ထုံးများကို ခါပစ်သင့်တယ်။ ရေများများလောင်းကာ ဆေးသင့်တယ်။ အပူလောင်နေတဲ့နေရာကို ရှလကာရည် သို့မဟုတ် ရှောက်ရည်စတာတို့ ရေနွေးနဲ့အတူဖျော်ထားတဲ့ အချဉ်ရည်နဲ့ လောင်းချနိုင်တယ်။ အခြား အပူလောင်ခြင်းများကို
ပြုစုနည်းများအတိုင်း ပြုစုနိုင်တယ်။ လိုအပ်တဲ့ကာကွယ်မှုများယူကာ စိုနေတဲ့အဝတ်များကို ဖယ်ရှားပစ်သင့်တယ်။
မျက်စိထဲဓာတုဗေဒဆေးကြောင့် အပူလောင်ရင် မျက်စိကို ရေထဲမှာစိမ်ကာ ဖွင့်ချည်ပိတ်ချည်လုပ်သင့်တယ်။ ရေများများနဲ့ မျက်စိအပေါ်လောင်းချသင့်တယ်။
ဂွမ်းစနဲ့အုပ်ကာ ပတ်တီးစည်းပြီး ဆေးရုံခေါ်လာသင့်တယ်။ မျက်နှာကို အက်စစ်အပက်ခံရရင် ရေနိုင်နိုင်ဆေးကာ အဝတ်သန့်နဲ့အုပ်ပြီး ဆေးရုံအမြန်ဆုံးသွားသင့်တယ်။ ကိုယ်ခန္ဓာထိခိုက်ဒဏ်ရာများ၊ အထွေထွေဒဏ်ရာများဖြစ်တဲ့ အပ်၊ ဖန်ကွဲစ၊ ငါးအရိုးစတဲ့အရာများ၊ အရေပြားအောက် စူးဝင်နေတဲ့အခါ ဆွဲထုတ်ပစ်ဖို့ မကြိုးစားသင့်ဘူး။ အနာရှိတဲ့အပိုင်း မလှုပ်ရှားအောင် ထားပေးသင့်တယ်။ လိုအပ်ရင် ကျပ်စည်းထားသင့်တယ်။ ဆူး သို့မဟုတ် ဖန်ကွဲစထုတ်ဖို့ ဆေးရုံခေါ်လာသင့်ပါတယ်။ ။
ဒေါက်တာလွင်သန့်