တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း
နေပြည်တော်၊ မတ် - ၂၉
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ ကောင်းမှုလျှံဘုန်းကြီးကျောင်း၊ ဆိုက်ခေါင်ဘုန်းကြီးကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာရှိ ဓမ္မယောနွယ်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကွင်းကောက်မြို့၊ သကျဓီတာပညာပါရမီကျောင်း၊ ကန်ကြီးထောင့်မြို့၊ ပဏ္ဍိတာရာမ ရွှေကျင်ကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့၊ ဂယ်လောင်းဘုန်းတော်ကြီးကျောင်း၊ မင်းပြားမြို့၊ အောင်မင်္ဂလာတပ်ဦးဘုန်းတော်ကြီးကျောင်းတိုက်၊ ဘူးသီးတောင်မြို့၊ ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဓမ္မဝိဟာရီပရိယတ္တိသီလရှင်စာသင်တိုက်၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဇီးချိုပင်ကျေးရွာ၊ အောင်မင်္ဂလာဗဟိုစည်ကျောင်းတိုက်၊ စလေမြို့၊ ခြေတော်ရာ တပ်ဦးကျောင်း၊ မလွန်မြို့နယ်၊ စာကြောစာသင်တိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သီတဂူကေ တုမတီဗုဒ္ဓတက္ကသိုလ်တို့မှ ဆရာတော်၊ သံဃာတော်များ၊ သာသနာ နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။