မိုးစပါးရေကြီးနစ်မြုပ်၍ပျက်စီးဆုံးရှုံးသွားသောတောင်သူများအား ထောက်ပံ့ငွေများပေးအပ်

ကြို့ပင်ကောက်၊ လူမှုရေး

ပဲခူးတိုင်းဒေသကြီး  ကြို့ပင်ကောက်မြို့နယ်၌ ၂၀၁၉ ခုနှစ်မိုးရာသီက ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် လယ်ဧကများအတွက် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၉  ရက် နံနက်ပိုင်းတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ကြောင်း သိရသည်။

ထောက်ပံ့ငွေပေးအပ်ပွဲတွင် ကြို့ပင်ကောက်မြို့နယ်၌ ၂၀၁၉ ခုနှစ် မိုးစပါးစိုက်ရာသီတွင် ရေကြီး နစ်မြုပ်ခဲ့သော ကျေးရွာအုပ်စုများဖြစ်သည့် ညောင်ပင်မြင်းစီး ကျေးရွာအုပ်စုရှိ တောင်သူခြောက်ဦး ၏ လယ် ၁၇ ဧက၊  ဘုရားကြီးကုန်းကျေးရွာ အုပ်စုရှိ တောင်သူ ၂၀ ဦး၏လယ် ၇၅ ဧကနှင့် ရှားပင် ထကျေးရွာအုပ်စုရှိ  တောင်သူ ၂၉ ဦး၏ လယ် ၉၈ ဧကတို့အတွက် တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀ နှုန်း ပေးအပ်ကြောင်း သိရသည်။ 

ဇေယျာထွန်း(ကြို့ပင်ကောက်)