အီဂျစ်အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီးနောက် ဆီနီဂေါအသင်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရရှိ
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲရှုံးထွက်အဆင့် ပွဲစဉ်အဖြစ် ဆီနီဂေါအသင်းနှင့် အီဂျစ်အသင်းတို့ ဒုတိယအကျော့ ယှဉ်ပြိုင်ကစားရာ ဆီနီဂေါအသင်းက ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီးနောက် ကာတာနိုင်ငံ၌ ကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ သို့ ဝင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
ဆီနီဂေါအသင်းနှင့် အီဂျစ်အသင်းတို့သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲ ရှုံးထွက်အဆင့် ပထမ အကျော့ပွဲစဉ်အဖြစ် အီဂျစ်အသင်း အိမ်ကွင်း၌ ကစားရာ အီဂျစ်အသင်းက ၁ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဒုတိယအကျော့ပွဲစဉ်အဖြစ် ဆီနီဂေါအသင်း အိမ်ကွင်း ၌ ယှဉ်ပြိုင်ကစားရာ ဆီနီဂေါအသင်းက ပွဲချိန် မိနစ် ၉၀ တွင် ၁ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောကြောင့် အချိန်ပိုမိနစ် ၃၀ ကစားရာတွင်လည်း နှစ်ကျော့ ပေါင်း သရေရလဒ်ဖြစ်နေသည့် အတွက် ပယ်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာ ဆီနီဂေါအသင်းက ၃ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဆီနီဂေါအသင်းနှင့် အီဂျစ်အသင်းတို့သည် ဖေဖော် ဝါရီလက ကျင်းပသည့် အာဖရိကဖလားပြိုင်ပွဲ ဗိုလ်လု ပွဲတွင်လည်း တွေ့ဆုံခဲ့ပြီး ဂိုးမရှိသရေရလဒ်ကြောင့် ပယ်နယ်တီ အဆုံးအဖြတ်ကစားရာ ဆီနီဂေါအသင်း က ၄ ဂိုး- ၂ ဂိုးဖြင့်အနိုင်ရရှိပြီး ယခုအခါတွင်လည်း ၃ ဂိုး- ၁ ဂိုးဖြင့် ထပ်မံအနိုင်ရရှိခဲ့ကာ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲ ရှုံးထွက်အဆင့် တခြားပွဲစဉ်အဖြစ် ဂါနာအသင်းနှင့် နိုက်ဂျီးရီးယား အသင်းတို့ပွဲစဉ်တွင်လည်း တစ်ဂိုးစီ သရေရလဒ်ကြောင့် အဝေးဂိုးစည်းမျဉ်းဖြင့် ဂါနာအသင်းက ခြေစစ်ပွဲ အောင်မြင်ခဲ့ကြောင်း သိရသည်။
Ref;The Sporting News.com