မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ်အတွက် ချန်ပီယံဆုဖလားကို နှစ်နေရာစီစဉ်ထားမည်

ရန်ကုန်၊ ဘောလုံး

ယခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွင် ချန်ပီယံဆု ဆွတ်ခူး ရန် ရှမ်းယူနိုက်တက်၊ဟံသာဝတီယူနိုက်တက်နှင့် ဧရာဝတီယူနိုက်တက် အသင်းသုံးသင်း အခွင့် အရေး ကိုယ်စီရှိနေသဖြင့် နောက်ဆုံးပွဲစဉ်အတွက် ချန်ပီယံဆုဖလားကို နှစ်နေရာ၌ စီစဉ်ထား မည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်ကပြော သည်။

နောက်ဆုံးပွဲစဉ်(၂၀)ကို စက်တင်ဘာ ၂၉ ရက်တွင် တစ်ပွဲကစားပြီး စက်တင်ဘာ ၃၀ ရက်နှင့် အောက်တိုဘာ ၁ ရက်တို့တွင် သုဝဏ္ဏအားကစားကွင်းနှင့့် YUSC ကွင်းတို့၌ ကျင်းပမည်ဖြစ်သည်။

နောက်ဆုံးပွဲစဉ်မတိုင်မီ ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၄၁ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌   ဦးဆောင်နေပြီး ဟံသာဝတီယူနိုက်တက်အသင်းက ရမှတ် ၄၀ ဖြင့် အဆင့်(၂)၊ ဧရာဝတီယူနိုက်တက် အသင်းက ရမှတ် ၃၉ မှတ်ဖြင့် အဆင့်(၃)နေရာ၌ အသီးသီးရပ်တည်နေကာ ချန်ပီယံဆုအတွက် သုံးသင်းစလုံး မျှော်လင့်ချက်ရှိနေသည်။

“ဒီနှစ် မြန်မာနေရှင်နယ်လိဂ်မှာ ရှမ်း၊ ဟံသာဝတီနဲ့ ဧရာဝတီယူနိုက်တက် သုံးသင်းစလုံး ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေးရှိနေပါတယ်။ နောက်ဆုံးပွဲစဉ်အထိ အစွမ်းကုန်ကြိုးစားမယ့် အနေအထားဖြစ်လို့ ပရိသတ်တွေကို ဖမ်းစားထားဆဲဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆုံးပွဲစဉ်ကျင်းပမယ့် သုဝဏ္ဏအား ကစားကွင်းရော YUSC ကွင်းမှာပါ ချန်ပီယံဆုဖလားနဲ့ တစ်ဦးချင်း ဆုတံဆိပ်တွေပေးနိုင်ဖို့    နှစ်နေရာခွဲပြီး စီစဉ်ထားပါတယ်” ဟု   ဦးစိုးမိုးကျော်က ပြောသည်။

ရာသီပိတ်နောက်ဆုံးပွဲစဉ်တွင် ချန်ပီယံဆုဆွတ်ခူးရန် အခွင့်အရေး အကောင်းဆုံးဖြစ်နေသည့် ရှမ်းယူနိုက်တက်အသင်းက အောက်တိုဘာ ၁ ရက်တွင့် YUSC ကွင်း၌ ရတနာပုံအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ချန်ပီယံမျှော်မှန်းချက် ရှိနေသေးသည့် ဟံသာဝတီယူနိုက်တက်နှင့် ဧရာဝ တီယူနိုက်တက်အသင်းတို့က အောက်တိုဘာ ၁ ရက်တွင် သုဝဏ္ဏ အားကစားကွင်း၌ ယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း သိရသည်။   

ကိုရဲ