အီတလီအသင်းအနေဖြင့် ကမ္ဘာ့ဖလားဝင်ခွင့်နှင့် လွဲချော်ထားသော်လည်း အီရန်အသင်းကြောင့် ဝင်ခွင့်ရဖွယ်ရှိနေ
အီတလီအသင်းအနေဖြင့် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်မြင်သောကြောင့် ပြိုင်ပွဲနှင့်လွဲချော် ထားရသော်လည်း အီရန်အသင်းကြောင့် ဝင်ခွင့်အတွက် မျှော်လင့်နိုင်ဖွယ် ရှိကြောင်း သိရသည်။
အီတလီအသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ (ဥရောပဇုန်)အုပ်စုအဆင့်တွင် အုပ်စုဒုတိယနေရာ၌သာ ရပ်တည်နိုင်ခဲ့သည့်အတွက် ရှုံးထွက်အဆင့် ကစားရခြင်းဖြစ်ပြီး ရှုံးထွက်အဆင့်တွင်လည်း မြောက်မက်ဆီဒိုးနီးယား အသင်းနှင့်ကစားရာ အရေးနိမ့်ခဲ့ပြီးနောက် ခြေစစ်ပွဲအောင်မြင်ခြင်း မရှိဘဲ ပြိုင်ပွဲကို နှစ်ကြိမ်ဆက်ဝင်ခွင့်နှင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ (အာရှဇုန်) အုပ်စုအဆင့်တွင် အီရန်အသင်းသည် ခြေစစ်ပွဲအုပ်စုပွဲစဉ်များ မပြီးဆုံးမီကတည်းက ခြေစစ်ပွဲ အောင်မြင်ထားသည့် အသင်းဖြစ်သည်။
သို့သော် အီရန်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ (အာရှဇုန်) ခြေစစ်ပွဲအုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် လက်ဘနွန်အသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည့် ပွဲစဉ်မစတင်မီ အီရန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အီရန်အသင်းကို အားပေးရန် လာရောက်သည့် အမျိုးသမီး ပရိသတ်ဦးရေ ၂၀၀၀ ကို ကွင်းအတွင်း ဝင်ရောက်ခွင့်ပိတ်ပြီး လူမျိုးရေး အဆင့်အတန်း ခွဲခြားမှုပြုလုပ်ခဲ့သည်။
အဆိုပါပွဲစဉ်ပြီးနောက် အမျိုးသမီး ပရိသတ်များကို ကွင်းအတွင်း ဝင်ရောက်အားပေးခွင့် ပိတ်ပင်ခဲ့သည့် အီရန်အသင်း၏ လုပ်ရပ်သည် လူမှုကွန်ရက် စာမျက်နှာများထက်တွင် ပျံ့နှံ့ပြီးနောက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က အရေးယူမှုပြုလုပ်ရန် ပြင်ဆင်နေပြီး အမြင့်ဆုံးပြစ်ဒဏ် အနေဖြင့် ပြိုင်ပွဲမှ ထုတ်ပယ်ခံရလျှင် အီရန်အသင်း၏ နေရာအစား ကမ္ဘာ့အဆင့် သတ်မှတ်ချက်အမြင့်ဆုံး အသင်းတစ်သင်းကို ဝင်ရောက်ခွင့်ပြုမည်ဆိုပါက အီတလီအသင်းအတွက် မျှော်လင့်ချက် ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
Ref;Sport Mediaset