ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲမဲစာရင်းပြုစုရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးနှင့် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင် ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲမဲစာရင်းပြုစုရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးနှင့် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင် ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

နေပြည်တော်၊ ဧပြီ - ၂

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲမဲစာရင်းပြုစုရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းမှူးက ရွေးကောက်ပွဲမဲစာရင်းဆိုင်ရာကိစ္စရပ်များနှင့် လုံခြုံရေးဆောင်ရွက်မည့် အခြေအနေ များအား ဆွေးနွေးတင်ပြသည်။ ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ရွေးကောက် ပွဲဆိုင်ရာကိစ္စရပ်များနှင့် ခရိုင်(၅)ခရိုင်မှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing ဖြင့် ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အဆိုပါခန်းမ၌ ဆက်လက်ပြုလုပ်ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်က ဆီဖူလုံရေးစီမံချက်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ က နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ ခရိုင်(၅)ခရိုင်မှ စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများက Video Conferencing ဖြင့် ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။