ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၇၉၅ ဦးထပ်တိုး

နေပြည်တော်  စက်တင်ဘာ  ၂၉

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ညနေ ၅ နာရီခွဲနှင့် ည ၈ နာရီတို့တွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များအရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၇၉၅ ဦးနှင့် သေဆုံးသူ ၂၈ ဦးထပ်တိုးကြောင်း သိရသည်။

(၂၇-၉-၂၀၂၀)ရက် ည ၈ နာရီမှ (၂၈-၉-၂၀၂၀)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲစစ်ဆေး တွေ့ရှိခဲ့ သည့် ဓာတ်ခွဲအတည်ပြုလူနာ ၈၉၆ ဦး၏ မြို့နယ်အလိုက်တွေ့ရှိရမှု အခြေအနေမှာ  အောက်ပါ အတိုင်းဖြစ်ပါသည်။

(၂၈-၉-၂၀၂၀)ရက် ည ၈ နာရီမှ (၂၉-၉-၂၀၂၀)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း  ၅၉၆၂  ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၇၉၅ ဦးတွေ့ရှိရ ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

(၅၀၀)