အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး ဒေါက်တာ ဒေါ်ဆေကဝတီအား ဂုဏ်ပြုပူဇော်ခြင်း ဂုဏဝိသိဌ ပူဇာမင်္ဂလာ ကျင်းပ

အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး ဒေါက်တာ ဒေါ်ဆေကဝတီအား ဂုဏ်ပြုပူဇော်ခြင်း ဂုဏဝိသိဌ ပူဇာမင်္ဂလာ ကျင်းပ

နေပြည်တော်၊ ဧပြီ - ၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက ၂၀၂၂ ခုနှစ်တွင် ဆက် ကပ်လှူဒါန်းပူဇော်သည့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ရရှိ တော်မူသော ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ဆေကဝတီ ဗုဒ္ဓတက္ကသိုလ် တည်ထောင်သူနှင့် ဒုတိယပါမောက္ခချုပ် ချမ်းမြေ့ဂုဏ်ဝေ သီလရှင်စာသင်တိုက်ကြီးများ၏ အဓိပတိ ပဓာနနာယက ဆရာကြီး ဒေါက်တာ ဒေါ်ဆေကဝတီအား ဂုဏ်ပြုပူဇော်ခြင်းဂုဏဝိသိဌ ပူဇာမင်္ဂလာကို ယနေ့ညနေ ပိုင်းတွင် အဆိုပါသီလရှင်စာသင်တိုက်၌ပြုလုပ်ရာ ပင့်ဖိတ်ထားသော သံဃာ တော်များနှင့် သာသနာနွယ်ဝင်သီလရှင် ဆရာကြီး၊ ဆရာလေးများ ကြွရောက် တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ သီလရှင်ဆရာကြီး၊ ဆရာလေးများနှင့် ဧည့်ပရိသတ်များက သတ်မှတ်နေရာများ၌ နေရာယူကြပြီး သံဃာတော်များအား ပင့်ဆောင် ကြသည်။ ထို့နောက် ဂုဏ်ပြုအပူဇော်ခံဆရာကြီး ဒေါက်တာ ဒေါ်ဆေကဝတီ အား အပူဇော်ခံမည့်နေရာသို့ ပင့်ဆောင်ရာ တေးသံရှင်များက အပူဇော်ခံတေး ဖြင့် ဂုဏ်ပြုပူဇော်ကြသည်။ ထို့နောက် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မဟာ ဝိနယာလင်္ကာရ ကျောင်းတိုက် ပဓာနနာယက၊ ဆေကဝတီဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဝိနယာ လင်္ကာရထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

၎င်းနောက် ဆရာကြီး ဒေါက်တာဒေါ်ဆေကဝတီ၏ အတ္ထုပ္ပတ္တိဂုဏ်ရည် ပြ မင်္ဂလာရတုပိုဒ်စုံကို တေးသံရှင်များက သီကျူးပူဇော်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာကြီးအား ဘွဲ့တံဆိပ်တော်ကို ထပ်ဆင့်ဆက်ကပ် လှူဒါန်းပြီး အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် တိုင်းမှူးက ဂုဏ်ပြုဝမ်းမြောက်စကားလျှောက်ထားပြီး တက်ရောက်လာကြသူများနှင့်အတူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပိဋကတ် သုံးပုံနိကယ်စာသင်တိုက်၏ ပဓာနနာယက သုတဗုဒ္ဓ မော်ကျွန်းဆရာတော် ပါဠိပါရဂူ တိပိဋကဓရ တိပိဋကကောဝိဒ တိပဋကဓရ ဓမ္မဘဏ္ဍာဂါရိက ရွှေရတုတိပိဋက ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသထံမှ ဩဝါဒကထာနာယူ၍ ရေစက် သွန်းချအမျှ ပေးဝေခဲ့ ကြကြောင်း သတင်းရရှိသည်။