ဟားခါးခရိုင်၊ ဖလမ်းခရိုင်နှင့် မတူပီခရိုင်တို့တွင် ကော်ဖီစိုက်ဧက ၇၀၀ ကျော် စိုက်ပျိုးထား
၂၀၂၁-၂၀၂၂ စိုက်ပျိုးရာသီ၌ ချင်းပြည်နယ် အတွင်းရှိ ဟားခါးခရိုင်၊ ဖလမ်းခရိုင်နှင့် မတူပီခရိုင်တို့တွင် ကော်ဖီစိုက်ဧက ၇၀၀ ကျော် စိုက်ပျိုးထားကြောင်း ချင်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးထံမှ သိရသည်။
"၂၀၂၁-၂၀၂၂ စိုက်ပျိုးရာသီမှာ ကော်ဖီစိုက်ပျိုးမှု အနေနဲ့ ချင်းပြည်နယ်အတွင်းမှာ ရှိတဲ့ ခရိုင်တွေမှာ ဧက ၇၀၀ ကျော် စိုက်ပျိုးပြီးစီးခဲ့ပြီး ဖြစ်ပါတယ်။ ချင်းပြည်နယ်မှာ ကော်ဖီသီးနှံကို အဓိကအားဖြင့် ဒေသတွင်းမှာပဲ တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ် ”ဟု ချင်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးဦး က ပြောသည်။
ခရိုင်အလိုက် စိုက်ပျိုးပြီးစီးမှု အနေဖြင့် ဟားခါးခရိုင်တွင် ၁၂၄ ဧကကို လည်းကောင်း၊ ဖလမ်းခရိုင်တွင် ၅၁၂ ဧကကို လည်းကောင်း၊ မတူပီခရိုင်တွင် ၇၁ ဧကကို လည်းကောင်း စုစုပေါင်း ၇၀၇ ဧက စိုက်ပျိုးပြီးစီးနေပြီ ဖြစ်ကြောင်း ချင်းပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးဦးထံမှ သိရသည်။
ချင်းပြည်နယ်တွင် ဟားခါးခရိုင်၊ ဖလမ်းခရိုင် မတူပီခရိုင်နှင့် မင်းတပ်ခရိုင် စသည့် ခရိုင် လေးခရိုင်ရှိသည့် အနက် ကော်ဖီသီးနှံကို ဖလမ်းခရိုင်တွင်သာ အများဆုံး စိုက်ပျိုးကြောင်း သိရသည်။