နေပြည်တော်၊ စက်တင်ဘာ - ၃၀
COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ စားသောက်ရေးအခက်အခဲ မရှိစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအိမ်ရာနေစစ်သည်များနှင့် မိသားစုဝင်များအား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့်အဖွဲ့ဝင် များက သွားရောက်တွေ့ဆုံ၍ အိမ်ထောင်စု ၁ စုစီလျှင် ငါး ၁ ပိဿာ၊ ကြက်ဥ ၁၀ လုံး၊ ဆီ ၁ လီတာ၊ ဆား ၁ ပိဿာ၊ ကြက်သွန် ဖြူ၊ နီ ၁ ပိဿာနှင့် Hand Sanitizer ၊ Face Mask ၁ ဘူးစီတို့ကို ထောက်ပံ့ပေးအပ်သည်။
အလားတူ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ထားဝယ်မြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် Face Mask ၇၀၀၀ ခု၊ Hand Sanitizer ၅၀၀ ဘူးနှင့် ကြက်ဥ ၅၀၀၀ လုံးတို့ကို ထားဝယ်မြို့ရှိ နယ်မြေခံ တပ်နယ်ဧည့်ရိပ်သာ၌ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။