နေပြည်တော်၊ စက်တင်ဘာ - ၃၀
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့နှင့် ဒေသအတွင်းရှိ လုပ်ငန်းရှင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများက အလှူငွေများကို ယနေ့နေ့လယ်ပိုင်းတွင် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်နယ်ရိပ်သာဧည့်ခန်းမဆောင်၌ လာရောက်ပေးအပ်လှူဒါန်းသည်။
ဦးစွာ အလှူရှင်များက COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေကျပ်သိန်း ၁၀၀၀ ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ ရွှေဖီဦး အသင့်ဖျော်လက်ဘက်ရည်ထုပ်များ၊ ကြက်ဥများနှင့် တပ်မတော်စက်ရုံ ထုတ်ပစ္စည်းများအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။