တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်
ရန်ကုန် ဧပြီ ၅
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အား တိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက် အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော် လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများ ဖြင့် ပို့ဆောင်ဖြန့်ဖြူး ပေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်း၌ ထားရှိသော ဆေးတစ်လုံးလျှင် လူ ၁၀ ဦး ထိုးနှံနိုင်သော Covaxin နှင့် Astra Zenec ဆေးများ ကို ယနေ့တွင် ဆက်လက်ပို့ဆောင်ပေးရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြိုသို့ Astra Zenec. ၇၇၁၂လုံး ၊ Covaxin ၁၅၈၆ လုံးနှင့် ဆေးထိုးအပ် ၇၇၁၂၀ ချောင်း၊ ထားဝယ်မြို့သို့ Astra Zenec ၃၁၇၈ လုံး ၊ Covaxin ၁၄၀၅ လုံးနှင့် ဆေးထိုးအပ် ၃၁၇၈၀ ချောင်း၊ ကော့သောင်းမြို့သို့ Astra Zenec ၂၃၇၀ လုံး ၊ CovaXin ၂၁၉ လုံး နှင့် ဆေးထိုးအပ် ၂၃၇၀၀ ချောင်းတို့အား တပ်မတော်လေယာဉ်များဖြင့် ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။