ကျောက်ကြီးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းတို့၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

နေပြည်တော်   စက်တင်ဘာ  ၃၀

ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ကျောက်ကြီးမြို့နယ်၊ သဲကုန်းကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျောက်ကြီး တပ်နယ်မှ တပ်မတော်သားများက ကျောင်းဝင်းအတွင်း/အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ စာသင်ခုံနှင့် ပရိဘောဂများ နေရာချထားပေးခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အလားတူ ကျောက်ကြီးတပ်နယ်မှ တပ်မတော်သားများက ယနေ့နံနက်ပိုင်းတွင် ကျောက်ကြီး မြို့နယ်၊ ကျွန်းတောကျေးရွာနှင့် မီးတိုင်တောကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၌ စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ လုပ်အားဒါနပြု ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။   

(၁၀၀)