ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သောင်းကျန်းသူအဖွဲ့ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည့် မောင်တောမြို့နယ်၊ ထန်းချောင်းတံတားအား ပြန်လည်ပြုပြင်

ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သောင်းကျန်းသူအဖွဲ့ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည့် မောင်တောမြို့နယ်၊ ထန်းချောင်းတံတားအား ပြန်လည်ပြုပြင်

နေပြည်တော်၊ ဧပြီ - ၇

ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သောင်းကျန်းသူအဖွဲ့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်းရှိ ကြိမ်ချောင်း-တောင်ပြိုသွား ကားလမ်းပေါ်ရှိ ထန်းချောင်းတံတားအား ယနေ့တွင် မောင်တောမြို့နယ်၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ပြုပြင် ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထန်းချောင်းတံတားသည် အလျား ၅၀ ပေ၊ အနံ ၁၆ ပေ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး တံတားအား ဧပြီ ၆ ရက် ည ၇ နာရီခန့် တွင် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့ရာ တံတားထိပ်ဝဲဘက်ခြမ်းပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။