ဘူးသီးတောင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး

စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော်၊ ဧပြီ - ၇

ရခိုင်ပြည်နယ်၊ စစ်တွေ မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူ လျက်ရှိသောသံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏‌ ရောဂါဖြစ်ပွားမှု၊ ဆေးဝါး ကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို မေးမြန်းအားပေး စကားပြောကြားပြီး ထောက်ပံ့ငွေများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံ အတွင်းလှည့်လည်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။