ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင် မြို့နယ်ရှိ ဗဟိုစံပြငါးဈေးကြီးအတွင်း ဆိုင်ခန်း ၈၀ ရာခိုင်နှုန်းအထိ ပိတ်သိမ်းမှုရှိ လာကြောင်း ယင်းဈေးအတွင်းရှိ ငါး၊ ပုစွန်ရောင်းဝယ်ရေး ဒိုင်များမှ သိရသည်။
ဗဟိုစံပြငါးဈေးကြီးအတွင်း ပင်လယ် ရေထွက်ကုန်များဝင်ရောက်မှု နည်းပါးခြင်း နှင့် ဃဥဠှီု-၁၉ ရောဂါဖြစ်ပွားမှု မြင့် တက်လာခြင်း တို့ကြောင့် ဆိုင်ရှင်များ၏သဘောဖြင့် ဆိုင်ခန်းများပိတ်သိမ်းလာ ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် အများပြည်သူအတွက် စားနပ်ရိက္ခာပြတ်လပ်မှု မရှိစေရန် အခြေခံစား သောက်ကုန်ရောင်းချ နေမှုများကို ခွင့်ပြုပေးထားသော်လည်း လက်ရှိတွင် တစ်နေရာ နှင့်တစ်နေရာ ကူးသန်းသွားလာရေးခက်ခဲပြီး ဗဟိုစံပြငါးဈေးကြီးသို့ ငါး၊ ပုစွန်တင်ယာဉ်များ၊ သင်္ဘောများဝင်ထွက်မှု တဖြည်း ဖြည်းနည်းလာသည့်အပြင် ဈေးဝယ်သူ နည်းပါးလာကြောင်း၊ ထို့ကြောင့် ဆိုင်ခန်းများ ပိတ်သိမ်းလာသောကြောင့် ဈေးနှုန်း မြင့်တက် လာနိုင်ကြောင်း သိရသည်။
“ကျွန်တော်တို့ဆိုင်က ရောင်းချနေတဲ့ ငါး၊ ပုစွန်တွေပြတ်လပ်သွားရင် တခြား ဆိုင်တွေလိုပဲ ပိတ်ရမှာပါ။ လက်ရှိမှာ ကျန်နေသေးတဲ့အတွက် မပိတ်သေးပါဘူး။ အဓိကက ရေထွက်ကုန်ထွက်ရှိတဲ့ဒေသ တွေက ငါး၊ ပုစွန်တွေကို အားထားပြီး ဒီမှာရောင်းချနေရတာပါ။ အဲဒီဘက်မှာ လည်း သွားလာရေးအတွက် အခက်အခဲရှိ လာတယ်လို့ပြောတယ်။ အခုက အသွား အလာနည်းသွားပြီး တခြားမြို့နယ်တွေက လာရောက်ဝယ်ယူတာမျိုးလည်း မရှိတော့ ဘူးဆိုတော့ ရောင်းအားကျတယ်။ ဒါကြောင့် ဆိုင်တွေပိတ်သိမ်းလာကြတယ်” ဟု မျိုးမြင့် ငါး၊ ပုစွန်ရောင်းဝယ်ရေးဒိုင်မှ ဦးမျိုးမြင့် ငြိမ်းကပြောသည်။
ရန်ကုန်မြို့ရှိ တခြားသောအဓိက ဈေးကြီးများဖြစ်သည့် သီရိမင်္ဂလာဈေး၊ ညောင်ပင်လေးဈေး၊ တညင်းကုန်းဈေး စသည့်ဈေးကြီး များ၌လည်း ဆိုင်ခန်း အများစု ပိတ်သိမ်းမှုရှိလာသည့်အတွက် နောက်ပိုင်းတွင် ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်ဖွယ်ရှိပြီး ရန်ကုန်မြို့နေ ပြည်သူများ အတွက်လည်း အခြေခံစားသောက်ကုန် များဝယ်ယူနိုင်ရေး ခက်ခဲ လာနိုင်ကြောင်း၊ အဆိုပါ ဈေးကြီးများမှ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များသို့ ကုန်စည်များ အဓိကဖြန့်ဖြူးရောင်းချပေးနေပြီး ယင်းဈေးများအတွင်းရှိ ဆိုင်ခန်းများ ပိတ်သိမ်းမှု ရှိလာသည့်အတွက် အခြေခံ စားသောက်ကုန် ဝယ်ယူရေး ခက်ခဲလာနိုင်ကြောင်း သိရသည်။
စိုးမိုး