စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့အား PDF အမည်ခံအကြမ်းဖက်သမားများက ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခဲ့သဖြင့် ဆေးရုံဝင်းအတွင်းရှိ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ ဧပြီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ပြည်သူ့ ဆေးရုံတို့အား PDF အမည်ခံအကြမ်းဖက်သမားများက ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခဲ့သဖြင့် ဆေးရုံဝင်းအတွင်းရှိ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကောလင်းမြို့၊ မြောက်အင်း ရပ်ကွက်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့အား PDF အမည်ခံအကြမ်းဖက် သမားများက အဆိုပါရုံးတို့၏ မြောက်ဘက်တစ်မိုင်ခန့်အကွာ ဈေးရုံဗိုလ်တဲရပ်ကွက်ဘက်မှနေ၍ ၄၀ မမဗုံးပစ်လောင်ချာဖြင့် ၃ ချက်ပစ်ခတ်ခဲ့ရာ ပေါက်ကွဲမှုများကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာအဆောက်အဦအချို့တွင် ထိခိုက်ပျက်စီးခဲ့ပြီး ဝန်ထမ်းအိမ်ရာအနီး ရောက်ရှိနေသည့် အဆိုပါရပ်ကွက်နေ ဦးထည်ဝါဦး (၂၈)နှစ် (ဘ)ဦးမြင့်အောင်တွင် ယာလက်ဖျံ၊ ယာပေါင်နှင့် ယာခြေသလုံးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။